Myanmar Transparency News

KNU နှင့် PDF များထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် သင်္ကြန်အကျနေ့တွင် ပလုံကောက်သူအမျိုးသားကြီး ပွဲချင်းပြီး သေဆုံး

နေမိုး
၁၈. ၄. ၂၀၂၆

ပြီးခဲ့သည့် သင်္ကြန်အကျနေ့က မဒေါက်မြို့နေ အမျိုးသားကြီးတစ်ဦးသည် လမ်းဘေးအမှိုက်ပုံ၌ ဘူးခွံ၊ ပုလင်းခွံများကောက်နေစဥ် KNU နှင့် PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်နေ ဦးမြင့်စိုး(၆၃)နှစ်သည် အဆိုပါရပ်ကွက်ရှိ ညောင်လေးပင်-ရွှေကျင်သွားလမ်းဘေး အမှိုက်ပုံအနီး၌ ဘူးခွံ/ပုလင်းခွံများ ကောက်ယူနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF များ ထောင်ထားသည့် မိုင်း တစ်လုံးအား ထိမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် KNU အပါအဝင် EAOs အဖွဲ့များက ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် ဖောက်ခွဲ သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News