Myanmar Transparency News

အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု အောင်ပန်းတွင် ဖြစ်ပွား

၂၅.၄.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ငုံးသုန်ကျေးရွာအုပ်စု၊ တောင်ပို့လရွာတွင် ဧပြီလ၂၄ ရက် နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးမှု ဖြစ်ပွားခဲဲ့ကြောင်း အလောင်းသယ်ယူပေးခဲ့သည့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ကျေးရွာအတွင်းရှိ ပိန္နဲပင်တစ်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ ခင်ပွန်းဖြစ်သူ အရက်သောက်သည့်အပေါ် ခင်ပွန်းနှင့်စကားများကာ နေအိမ်မှာထွက်သွားခဲ့ပြီးနောက် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသမီးငယ်၏ ရုပ်အလောင်းကို အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး သေဆုံးမှုနှင့်ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (ဓာတ်ပုံ – နာရေးကူညီမှုအသင်း အောင်ပန်း)

မူရင်းသတင်း — Myanmar Transparency News