Myanmar Transparency News

၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု တာချီလိတ်တွင် ဖြစ်ပွား

၁.၅.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေအိမ်တွင် ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ် မကတ်သရင်းနာဖြစ်ပြီး ၅ တန်းကျောင်းသူဖြစ်ကာ ကြိုးဆွဲချသေဆုံးရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။

“အသက် ငယ်ငယ်လေးနဲ့ ဘယ်လိုဖိအားတွေကြောင့် ရွေးချယ်လိုက်ရတာလဲ၊ စိတ်မ​ကောင်းဘူး”ဟု တာချီလိတ်ဒေသခံတစ်ဦးကဆိုသည်။

သေဆုံးသူ၏ရုပ်အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင် ပို့အပ်ခဲ့ပြီး မေလ ၁ ရက် မွန်းလွဲ ၁ နာရီက လွယ်စတုံ ဆုတောင်းတောင် ခရစ်ယာန်သုသာန်တွင် မြေမြုပ်သ​င်္ဂြိုဟ်ပေးခဲ့ကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်း (တာချီလိတ်)ထံမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News