Myanmar Transparency News

လက်နက်မဲ့အမျိုးသမီးတစ်ဦးကို PDF သုံးဦးက ဒလန်ဟုသမုတ်ကာ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှု ရွာငံတွင်ဖြစ်ပွား

နေမိုး

၅. ၅. ၂၀၂၆

လက်နက်မဲ့အမျိုးသမီးတစ်ဦးကို PDF သုံးဦးက ဒလန်ဟုသမုတ်ကာ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု ထုတ်ပြန်မှုအရ သိရှိရသည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၂ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ အင်းကုန်းငါးဆူကျေးရွာနေ ဒေါ်ခိုင်ချို(၄၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF သုံးဦး ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News