Myanmar Transparency News

ပြည်သူနေထိုင်သော ရပ်ရွာကို PDF များက ဓာတ်ဆီလောင်းကာ မီးရှို့နေသည့် ရုပ်သံဖိုင် ပေါ်ထွက်လာ

နေမိုး
၈. ၅. ၂၀၂၆

PDF များက ပြည်သူနေထိုင်သော ရပ်ရွာနေအိမ်ကို ဓာတ်ဆီလောင်းကာ မီးရှို့နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပေါ်ထွက်လာသည်။

အင်အား ၃၀ ထက် မနည်းသော PDF စစ်ကြောင်းတစ်ကြောင်းက ပြည်သူများထွက်ပြေးနေရဟန်ရှိသော ရွာတစ်ရွာအတွင်းဝင်ရောက်ကာ နေအိမ်တစ်လုံးကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သည်ကို တွေ့ရသည်။

ထိုရုပ်သံဖိုင်တွင်ပင် မီးရှို့သည့်နေအိမ်ကို “ဘန်ကာ”ဟု စွပ်စွဲထားသည်ကို တွေ့ရသော်လည်း ဘန်ကာတစ်ခုတွင်ရှိသင့်သည့် ကျည်ကာပစ္စည်းများ ထိုအိမ်တွင်မတွေ့ရဘဲ သာမန်နေအိမ်တစ်လုံးသာဖြစ်နေသည်ကိုလည်း တွေ့ရသည်။

ဓာတ်ဆီလောင်း မီးရှို့သည့်နေအိမ်မှာ ဆီပေပါဟုယူဆရသည့် သံပေပါခွံများလည်းတွေ့ရပြီး မီးအားမှာ ချက်ချင်းပင် ပြင်းထန်စွာ တောက်လောင်နေသဖြင့် မီးရှို့ခံရသည့် ရပ်ရွာတစ်ခုလုံး လောင်ကျွမ်းဆုံးရှုံးရဖွယ်ရှိနေသည်။

ထိုရုပ်သံဖိုင်နှင့်ပတ်သက်၍ ကျူးလွန်သည့် PDF အဖွဲ့နှင့် မီးရှို့သည့်ရပ်ရွာအမည်ကို MT News က ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News