Myanmar Transparency News

လက်ဖက်ရည်ဆိုင်၏ မီးကြွင်းမီးကျန်မှတစ်ဆင့် ဆိုင်ခန်း သုံးခန်းမီးလောင်မှု အသုတ်မြို့တွင် ဖြစ်ပွား

၈.၅.၂၀၂၆
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၄)ရပ်ကွက်တွင် ယမန်နေ့ မေလ ၇ ရက် နံနက်အစောပိုင်းက လက်ဖက်ရည်ဆိုင်၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဆိုင်ခန်း သုံးခန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ အလျား ပေ ၂၀၊ အနံ ပေ ၃၀ရှိ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၁)ထပ် လက်ဖက်ရည်ဆိုင်တွင် စတင်ဖြစ်ပွားခဲ့ပြီး မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၃ မိနစ်ကြာ လောင်ကျွမ်းခဲ့သောမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းတစ်ထပ် ဆိုင်ခန်း ၃ ခန်း မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ်၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဆိုင်ခန်း၃ခန်းမီးလောင်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ပိုင်ရှင် ဦးတင်ထွေးကို ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅ ဖြင့် အသုတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News