Myanmar Transparency News

လင်မယားရန်ဖြစ်ပြီး အဝတ်မီးပုံရှို့ရာမှ နေအိမ်နှစ်လုံး မီးလောင်မှု မြစ်ကြီးနားတွင် ယနေ့ဖြစ်ပွား

၈.၅.၂၀၂၆
Written by KL

လင်မယားနှစ်ဦး စကားများရန်ဖြစ်ပြီး အဝတ်မီးပုံရှို့ရာမှ နေအိမ် နှစ့လုံး မီးလောင်ဆုံးရှုံးမှု ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ၊ အောင်မော်ဇံဘုန်းကြီးကျောင်းလမ်းတွင် ယနေ့ မေလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

သွပ်မိုး၊ ထရံကာနေအိမ်တွင် အသက် ၄၀ အရွယ် ဦးလတောင်က အခန်းတွင်းရှိ အဝတ်အစားများကို မီးရှို့ရာမှ အနီးရှိ ထရံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မိနစ်၂၀ ကြာမြင့်သော မီးလောင်မှုကြောင့် သွပ်မိုး၊ထရံကာ နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၃စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့​ကြောင်း သိရသည်။

နေအိမ်နှစ်လုံးမီးလောင်မှုအတွက် အသက် ၄၀ အရွယ် ဦးလတောင်ကို ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် မြစ်​ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News