Myanmar Transparency News

သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်၊ ကန်နီရေကန်တွင် ကလေးနှစ်ဦးရေနစ်၊ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့

၁၁.၅.၂၀၂၆
Written by Linn Eain 

သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကန်နီရေကန်တွင် ရေဆင်းကူးရာမှ  ကလေးနှစ်ဦးရေနစ်မှု ယနေ့ မေ ၁၁ ရက်၊ နေ့လယ် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

အဆိုပါ ရေနစ်နေသည့် ယောက်ျားလေးနှစ်ဦးအနက်
တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် သ‌‌န္ဓေတပ်ဖွဲ့ဝင်များသည် ကန်နီရေကန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ညနေ ၃ နာရီ ၂၅ မိနစ်တွင် သေဆုံးလျက်ရှိသည့် ကလေးတစ်ဦးကိုလည်းကောင်း၊ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကျန်ကလေးတစ်ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို စကားဝါလူမှုကူညီရေးအသင်းနှင့် လောကအလင်းလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

မူရင်းသတင်း — Myanmar Transparency News