Myanmar Transparency News

စစ်သုံပန်းအဖြစ် ဖမ်းမိသည့် တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရန် မဖြစ်နိုင်သဖြင့် ပစ်သတ်လိုက်သည်ဟု ကျူးလွန်သည့် Kalay UG အဖွဲ့ ဝန်ခံ

နေမိုး
၁၄. ၅. ၂၀၂၆

စစ်သုံပန်းအဖြစ် ဖမ်းမိသည့် တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရန် မဖြစ်နိုင်သဖြင့် ပစ်သတ်လိုက်သည်ဟု ကျူးလွန်သည့် NUG ဩဇာခံ ကလေးမြို့ မြို့ပြပျောက်ကျားစီမံချက် UG တပ်ဖွဲ့ (Kalay Urban Guerilla – UG) က ယနေ့ ဝန်ခံသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက် ညနေ ၃ နာရီချိန်တွင် ကလေးမြို့ စက်မူဇုန် လိူင်သာယာရပ်ကွက် (နယ်မြေ/၆) တွင် ကလေးမြို့ မြို့ပြပျောက်ကျားစီမံချက် UG တပ်ဖွဲ့ PDF များက ပြည်သူများကို တားစီးစစ်ဆေးနေစဥ် ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား၂ ဦးအားတား၍ စစ်ဆေးရာ ၈ မိုင်ကလေးတက္ကသိုလ် ကျောင်းဝန်းတွင်တပ်စွဲထားသည့် စစ်တပ်မှ ဒုအရာခံဗိုလ် အောင်ကျော်ဇောနှင့် တပ်သားတစ်ဦး ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းစီးခေါ်ဆောင်ရန် အခြေနေအရ မဖြစ်နိုင်သဖြင့် နှစ်ဦးစလုံးကို နေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံသည်။

သုံပန်းအဖြစ် ဖမ်းဆီးရမိထားသူကို NUG ဩဇာခံ ကလေး PDF များက ပစ်သတ်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှု (War Crime) မြောက်သလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ Rome Statute အရလည်း စစ်ရာဇဝတ်မှုဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News