Myanmar National Post

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုလက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

 



ပျော်ဘွယ်   ၊ မေ ၂၅

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ပန်စုံ)တွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကျောင်းအပ်နှံမှုလက်ခံခြင်းဆောင်ရွက်ပေးရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းစီအတွက် သတ်မှတ်အတန်းအလိုက်ထုတ်ပေးရမည့် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို တစ်ပါတည်းထုတ်ပေးလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၄ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း ၁ ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း ၁ ကျောင်းရှိပြီး ကျောင်းအပ်နှံမှုလက်ခံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းများ၌ စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post