Myanmar Transparency News

အငြိမ်းစားကျောင်းဆရာတစ်ဦး ဘီယာသောက်ရင်း ရုတ်တရက် သေဆုံးမှု ယမန်နေ့က မန္တလေးတွင်ဖြစ်ပွားခဲ့

၂၇.၅.၂၀၂၆
Written By Min Thet

အငြိမ်းစားကျောင်းဆရာတစ်ဦး ဘီယာသောက်ရင်း ရုတ်တရက် သေဆုံးမှု ယမန်နေ့က မန္တလေးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၂၆ ရက် ညနေပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးရှိ ဘီယာဆိုင် တစ်ဆိုင်တွင် အသက် ၆၈ နှစ်ရှိ အငြိမ်းစားကျောင်းဆရာ ဦး……..က ရွယ်တူ သူငယ်ချင်း အမျိုးသား နှစ်ဦးနှင့်အတူ ဘီယာသောက်နေစဉ် အမောဖောက်ကာ ရုတ်တရက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“မနေ့က ညနေပိုင်းက ဖြစ်တာ။ သူက သူ့ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ရင်း ရုတ်တရက် မောပြီးတော့ ဖြစ်တာတဲ့။ အသက်ပါ ပါသွားတယ်။ ကျွန်တော်တို့ သွားတဲ့ အချိန်မှာ DB ဖြစ်နေပြီ။ အလောင်းကို ဆေးရုံပို့တယ်။ သူ့မိသားစုနဲ့ အဆက်အသွယ်ရတယ်။ရောက်လာကြတာပေါ့။ သူတို့က ပြည်ကြီးတံခွန်မှာ နေတာ။ သူ့သူငယ်ချင်းတွေနဲ့ အဲဒီဆိုင်မှာပဲ ဆုံပြီးသောက်နေကျလို့ သိရတယ်”ဟု လိုက်ပါ ကူညီခဲ့သူက MT News ကို ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ချမ်းမြသုခပရဟိ တလူမှုကူညီရေးအသင်းက မော်တော်ယာဥ်ဖြင့်မန္တလေး ပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News