Myanmar Transparency News

မော်တော်ယာဉ်တစ်စီးဖြင့် နေအိမ်ပြန်သူအမျိုးသားကို KNU နှင့် PDF များ ပတ်ခတ်သတ်ဖြတ်မှု ဘီးလင်းတွင်ဖြစ်ပွား

နေမိုး
၃၀. ၅. ၂၀၂၆


မော်တော်ယာဉ်တစ်စီးဖြင့် နေအိမ်ပြန်သူအမျိုးသားတစ်ဦးကို အကြမ်းဖက်လက်နက်ကိုင် KNU နှင့် NUG ဩဇာခံ PDF များက လမ်းပေါ် ပစ်သတ်ခဲ့မှု ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


အကြမ်းဖက်လက်နက်ကိုင် KNU နှင့် NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၂၈ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးထွန်းထွန်း(၂၉)နှစ်သည် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ မော်တော်ယာဉ်တစ်စီးဖြင့် ပြန်လည်ထွက်ခွာလာစဉ် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးအရောက်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF များ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News