Myanmar Transparency News

ငှက်ပျောခြံအတွင်းရှိနေသော လက်နက်မဲ့အမျိုးသားကို PDF များက ဒလန်ဟု စွပ်စွဲကာ ပစ်သတ်

နေမိုး
၁. ၆. ၂၀၂၆


ငှက်ပျောခြံအတွင်းရှိနေသော လက်နက်မဲ့အမျိုးသားကို PDF များက ဒလန်ဟု စွပ်စွဲကာ ပစ်သတ်လိုက်မှု ပွင့်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၃ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာနေ ဦးဌေးအောင်(၅၀)နှစ်သည် ကျေးရွာအရှေ့ တောင်ဘက်‌ လေးဖာလုံခန့်အကွာရှိ ၎င်းပိုင် ငှက်ပျောစိုက်ခြံအတွင်း၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တိုက ဒလန်၊ သူလျှိ၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News