Myanmar Transparency News

ရေနစ်သေဆုံးသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း မြဝတီမြို့တွင်​ ယ​နေ့တွေ့ရှိ

၁၂.၆.၂၀၂၆
Written by KL

ကရင်ပြည်နယ်၊ မြဝတီမြိို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဂေါက်ကွင်းရှိ ရေကန်တွင် ရေနစ်သေဆုံးသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး၏ ရုပ်အ​လောင်းကို ယနေ့ ဇွန်လ ၁၂ရက် နံနက် ၁၁ နာရီ မိနစ်၂၀ တွင် ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတစ်ဦးမှာ ဇွန်လ ၁၁ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ရေကန်တွင် ရေဆင်းကူးရင်းဆော့ကစားရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံးနေသော လူငယ်ကို ဇွန်လ ၁၁ ရက် ညပိုင်းတွင် မြဝတီမြို့ခရိုင်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊၊ Myanmar Rescue အဖွဲ့၊မွန်မြတ်ဖြူစင် နာရေးကူညီမှုအသင်း၊ Z Rescue လူမှုကူညီရေးအသင်းမှ အသင်းဝင်များက စက်လှေ ၃ စီးဖြင့် ဝိုင်းဝန်းရှာဖွေခဲ့ရာ ယနေ့ ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီ မိနစ်၂၀ တွင် ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူလူငယ်၏ ရုပ်အလောင်းကိုဆယ်ယူ၍ Z Rescue လူမှုကူညီရေး သူနာတင်ယာဉ်ဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News