Myanmar Transparency News

နေအိမ်အတွင်း လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ပဲခူးတွင် ဖြစ်ပွား

၂၉.၆.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လိပ်​ပြာကန်ရပ်ကွက်၊ မှော်ကန် (၈)လမ်းရှိ နေအိမ်တစ်လုံး​တွင် ဇွန်လ ၂၈ ရက် ည ၇ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ကိုဝေဖြိုးကျော်ဖြစ်ပြီး နေအိမ်အတွင်း ကြိုးဆွဲချကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ကလျာဏမိတ္တ (စုပေါင်း – အခမဲ့ ) နာမှုနှင့်လူမှုကူညီရေး အသင်းကြီးမှ အသင်းဝင်များက သယ်ယူကာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“အသက်ငယ်ငယ်လေးနဲ့ ဘယ်လို ကြောင့်ဖြစ်သွားလဲဆိုတာ မသိဘူး၊ အသက်မသေသေးရင် အကုန်ရင်ဆိုင်ဖြေရှင်းလို့ရတာကို စိတ်မကောင်းလည်း ဖြစ်မိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသား ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ အမှတ် (၁)နယ်​မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News