Myanmar Transparency News

လားရှိုးမြို့တွင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံး

နေမိုး
၉. ၇. ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရကထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း ယနေ့ဇူလိုင် ၉ ရက် ညနေ ၅ နာရီခန့်က မြို့ပြင် ရှော့တိုက်ဒုံးလေးလုံးထက်မနည်း ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းများနှင့် ဒေသခံများထံမှ သိရသည်။

၁၀၂၇ တိုက်ပွဲအပြီးတွင် တရုတ်အစိုးရကြားဝင်ပေးကာ အပစ်အခတ်ရပ်စဲမှုကြောင့် လားရှိုးမြို့ ပေါ် ရပ်ကွက်များကို အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့ပြင်ပတ်လည်တွင် ကိုးကန့်တရုတ် MNDAA တပ်ဖွဲ့များက တပ်စွဲထားသည်။

လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက် (၁၀) နှင့် ရပ်ကွက် (၆) သို့ ရှော့တိုက်ဒုံးများကျရောက်မှုကြောင့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သို့သော် လက်ရှိအချိန်အထိ ထိုပစ်ခတ်မှုကို မည်သည့်နေရာမှ မည်သည့်အဖွဲ့က ကျူးလွန်သည်ဟု ဝန်ခံချက် ထွက်မလာသေးသလို မြို့ပြင်ရှိ ကိုးကန့်တရုတ် MNDAA ကလည်း တစ်စုံတစ်ရာ ငြင်းဆန်မှု ပြုလာခြင်းမရှိသေးပေ။ Photo – Credit

မူရင်းသတင်း — Myanmar Transparency News