Myanmar Transparency News

မော်လမြိုင် DEMU ရထားပေါ် ခရီးသည်များအား စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့သည့် ဒေါ်မြသန်း ပါ (၅၄)ဦးတို့အား အမှုဖွင့် အရေးယူထား

သက်တံ့
၂၆. ၇. ၂၀၂၆

မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့်အမှတ်(၈၄)အစုန် DEMU ရထားပေါ်တွင် ခရီးသည်များအား စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့သည့် ဒေါ်မြသန်း ပါ (၅၄)ဦးတို့အား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင် ၂၃ ရက်နေ့က မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ်(၈၄)အစုန် DEMU ရထားပေါ်တွင် ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်တွင်ထိုင်ခြင်း၊ ရထားကြမ်းခင်းတွင် လျှောက်လမ်းပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်း၊ Tik Tok များ ရိုက်ကူးခြင်းများဆောင်ရွက်နေကြသော ဦးမြင့်ကြည်၊ ဒေါ်မြသန်း၊ မအေးအေးစံ၊ မခင်ဆန်းဝင်း၊ မမြင့်မြင့်ချို၊ မဖြိုးဖြိုးစံ၊ မဘေဘီသန်း၊ မမြင့်မြင့်ခိုင်၊ မသန်းသန်းထွေး၊ မဝါဝါလွင်၊ မစီစီညွန့်၊ မစမ်းစမ်း၊ မသီတာအောင်၊ မစိုးမိုးပွင့်ဖြူ၊ မစမ်းသီတာဝင်း၊ မစိုးစိုးညွန့်၊ မမိုးမိုး မြင့်၊ မအိမ်ချစ်၊ မတီတီစိန်၊ မသင်းရနံ့၊ မနီလာ၊ မခင်ချိုဝင်း၊ မတင်လှ၊ မသီတာမျိုး၊ မနှင်းနှင်းသော်၊ မဝင်းမင်းကို၊ မဝင်းသိန်း၊ မထွေးသန်း၊ မစန်းအေး၊ မစန္ဒာဝင်း၊ မအိအိသိန်း၊ မစန္ဒာမြင့်၊ မလဲ့ရည်ဝင်း၊ မသုစံ၊ မရီဝင်း၊ မကြည်ဝါဝင်း၊ မလဲ့လဲ့ခိုင်၊ မတင်မိုးခိုင်၊ မလေးလေးနွယ်၊ မဥမ္မာအေး၊ မသီရိနု၊ မမြသန္တာအောင်၊ မသီတာ၊ မစန်းမော်၊ မသင်းသင်းယု၊ မအေးအေးမြင့်၊ မယဉ်စုထွန်း၊ မနွယ်နီဝင်း၊ မမြင့်တင်အေး၊ မခင်မာကြူ၊ မအေးမြင့်၊ မဌေးဝင်း၊ မမြမြမိုး၊ မအေးခိုင်တို့(၅၄)ဦးအား ဥပဒေအရအရေးယူပေးပါရန် ၂၆-၇-၂၀၂၆ ရက်နေ့တွင် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၈)(မော်လမြိုင်)မှ အထူးတန်းရုံပိုင်ကြီး၊ ဦးသန်းစိုးမှ မော်လမြိုင်မြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မော်လမြိုင်မြို့မရဲစခန်းက ဒေါ်မြသန်း ပါ (၅၄) ဦးအား (ပ)၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေး ဥပဒေပုဒ်မ-၈၈(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News