Myanmar Transparency News

ထမင်းဆိုင်ရှင်အပါအဝင် ထမင်းဆိုင်တွင် ရှိနေသော လက်နက်မဲ့ပြည်သူငါးဦးကို ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် မန္တလေး PDF များက ပစ်ခတ်သတ်ဖြတ်မှု စဥ့်ကူးတွင်ဖြစ်ပွား

နေမိုး
၂၈. ၇. ၂၀၂၆

ထမင်းဆိုင်ရှင်အပါအဝင် ထမင်းဆိုင်တွင် ထိုင်ပြီး စားသောက်နေသော အပြစ်မဲ့သည့် လက်နက်မဲ့ပြည်သူ ငါးဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသည့် မန္တလေး PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားမှု စဥ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနေ ဦးမြင့်အောင်(၇၆)နှစ်သည် တစ်ရွာနေသူများဖြစ်ကြသည့် ဦးသက်မိုးဇော်(၃၅)နှစ်၊ ဦးဇော်ဇော်(၃၃)နှစ်၊ ဦးနိုင်ဝင်းကျော်(၃၂)နှစ်၊ ဦးနိုင်ဦး(၅၆)နှစ် တို့နှင့်အတူ အဆိုပါကျေးရွာရှိ ၎င်းဖွင့်လှစ်ထားသည့် “ကောင်းဆက်သာ” ထမင်းဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ငါးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News