Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ပဲခူး PDF ခုနစ်ဦးက ဒလန်ဟုယိုးစွပ်ကာ သေနတ်ဖြင့် ပစ်သတ်

နေမိုး
၂၈. ၇. ၂၀၂၆

နေအိမ်တွင်ရှိနေသည့် လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ပဲခူး PDF ခုနစ်ဦးက ဒလန်ဟုယိုးစွပ်ကာ သေနတ်ဖြင့် ပစ်သတ်လိုက်ကြမှု ယမန်နေ့က ပေါက်ခေါင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။


NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အောင်ချမ်းသာရွာသစ်ကျေးရွာနေ ဦးအောင်တင်ဝင်း (၅၄) နှစ်သည် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF ခုနစ်ဦးရောက်ရှိလာပြီး ဒလန်ဟု ယိုးစွပ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်တင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ လက်နက်မဲ့ပြည်သူများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News