Myanmar Transparency News

မိခင်နေအိမ်မှ တစ်ဦးတည်းဆိုင်ကယ်စီးကာပြန်လာသည့် အမျိုးသမီးကြီးကို မန္တလေး PDF များက သေနတ်ဖြင့်ပစ်သတ်ကာ ဆိုင်ကယ်လုယက်သွားမှု အမရပူရမြို့နယ်တွင် ဖြစ်ပွား

နေမိုး
၃၁. ၇. ၂၀၂၆

မိခင်နေအိမ်မှ တစ်ဦးတည်းဆိုင်ကယ်စီးကာပြန်လာသည့် အမျိုးသမီးကြီးတစ်ဦးကို မန္တလေး PDF များက သေနတ်ဖြင့်ပစ်သတ်ကာ ဆိုင်ကယ်လုယက်သွားမှု အမရပူရမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထန်းတောကျေးရွာနေ ဒေါ်ခိုင်စောထွေး(၄၆)နှစ်သည် အိုးဘိုကျေးရွာရှိ မိခင်၏နေအိမ်မှ ထန်းတောကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ပြန်လာစဉ် ကျေးရွာ၏မြောက်ဘက် ၂ ဖာလုံခန့်အကွာအရောက် PDF များ (အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဒေါ်ခိုင်စောထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News