တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၂၆) ဒုတိယနေ့ကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပမည်ဖြစ်ရာ ငွေစာရင်းနှင့်ပတ်သက်သည့် သုံးသပ်ချက်ကိုတင်ပြဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
ပဲခူးတိုင်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ်သက်၍ သုံးသပ်ချက်အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုံးသပ်ချက်အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကတင်သွင်းခြင်းဖြစ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များကဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။