ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့အရ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသော ဗိုလ်မှူးကြီးကျော်သူရ အား စစ်ဘက်မူလတာဝန်များပြန်လည်ထမ်းဆောင်စေခဲ့သည်။