
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက်၊ သောက်သုံးရေသန့်ရှင်းရေး လုပ်ငန်းများ အပေါ်မူတည်ပြီး ခုခံအားကျဆင်းနေသူများ၊ အသက်ကြီးသူများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းသူများမှာ ပိုဖြစ်နိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးက ပြောကြားသည်။
“လူနာတွေရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့ဆိုရင်လည်း ဆေးရုံဆင်းမယ့်လူနာတွေ ရှိပါတယ်။ မနေ့ကလည်း ဆေးရုံဆင်းတဲ့လူနာတွေရှိပါတယ်။ ရောဂါ မဖြစ်ပွားအောင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ သုံးပွင့်ဆိုင်ဆိုတာရှိတယ်။ ရောဂါဖြစ်စေတဲ့ပိုး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက်၊ သောက်သုံးရေသန့်ရှင်းရေး လုပ်ငန်းတွေအပေါ်မူတည်ပါတယ်။ ခုခံအား ကျဆင်းနေသူတွေ၊ အသက်ကြီးသူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာ အောင်လင်းအေးက ပြောကြားသည်။
လက်တလော နှစ်ရက်၊ သုံးရက်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများပြားလာသည့် အတွက် ဆေးရုံရဲ့အရေးပေါ်ဌာန၊ ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သက်ဆိုင်ရာဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုခံယူပြီးတော့ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဆေးရုံကြီးက ကုသရေးဌာနအောက်မှာရှိတဲ့အတွက်ကြောင့် အဓိကလုပ်ငန်းက လူနာတွေကုသတဲ့လုပ်ငန်းပါ။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုမရှိစေရေးကို အထူးဂရုစိုက်ပြီး ကုသမှုတွေပေးနေပါတယ်။ ဝမ်းပျက် ဝမ်းလျှောရောဂါက ကူးစက်ရောဂါဖြစ်တဲ့အတွက်ကြောင့် ရောဂါသည်တွေနဲ့ တစ်ပါတည်း ပါလာတဲ့ လူနာစောင့်တွေ၊ သူတို့ကိုကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ (ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ အကူဝန်ထမ်းတွေ) အကုန်လုံးကို ဒီရောဂါကူးစက်မှုမရှိအောင် ကာကွယ်ထိန်းချုပ်တဲ့လုပ်ငန်းတွေကို အထူးဆောင်ရွက်ပါတယ်။ အရင်လည်း ပုံမှန်ဆောင်ရွက်တာရှိပါတယ်”ဟု ဒေါက်တာ အောင်လင်းအေးက ပြောကြားသည်။
ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သည့်အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတော့ အထူးအလေးထားဆောင်ရွက်ကြောင်း ပုံမှန်ဖြစ်ပွားမှုလည်း ရှိပြီး ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်အတွင်း သိသိသာသာများပြားလာသည့် အတွက်ကြောင့် အထူးဂရုစိုက်ဆောင်ရွက်ပေးလျက်ကြောင်း ၎င်းင်းက ပြောကြားသည်။
“လူနာတွေရဲ့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဒီနေ့ဆိုရင်လည်း ဆေးရုံဆင်းမယ့်လူနာတွေ ရှိပါတယ်။ မနေ့ကလည်း ဆေးရုံဆင်းတဲ့လူနာတွေရှိပါတယ်။ ရောဂါ မဖြစ်ပွားအောင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ သုံးပွင့်ဆိုင်ဆိုတာရှိတယ်။ ရောဂါဖြစ်စေတဲ့ပိုး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက်၊ သောက်သုံးရေသန့်ရှင်းရေး လုပ်ငန်းတွေအပေါ်မူတည်ပါတယ်။ ခုခံအား ကျဆင်းနေသူတွေ၊ အသက်ကြီးသူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းသူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာ အောင်လင်းအေးက ပြောကြားသည်။
ပြည်သူတွေကို အကြံပြုချင်တာက တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ရန်၊ လတ်တလောမှာ ရေကိုကျိုချက်သောက် သုံးရန် ၊ ယင်နားစာတွေ မစားရန်နှင့် ခုခံအားကောင်းမွန်အောင် ပြုမူနေထိုင်ရန် အကြံပြုလိုကြောင်း ပြောကြားသည်။
လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ကြိုတင်ကာကွယ်ဆေး Doxycycline 100 mg ကို တိုက်ကျွေးကြောင်း၊ ကျန်းမာရေးဝန်ထမ်းများလည်း အကုန်လုံးနီးပါး သောက်ပြီးပါဖြစ်ကြောင်း၊ လာရောက်ပြသည့် ပြင်ပလူနာ၊ အတွင်းလူနာ၊ လူနာစောင့်များကိုလည်း Doxycycline 100 mg တိုက်ကျွေးကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် လူနာများ အားလုံးကို လက်ခံကုသပေးနေပြီး လူနာများ ရောက်ရှိလာပါက ခုတင်အခက်အခဲ မရှိအောင် စီမံထားကြောင်း၊လူနာများကိုလည်း Guidelines နှင့် အညီ သီးခြားဆောင် သုံး/လေးဆောင် စီစဉ်ထားပြီး ကုသပေးနေကြောင်း ဒေါက်တာ အောင်လင်းအေးက ပြောကြားသည်။
ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် နေ့စဉ်ကုသပေးနေတဲ့ ရောဂါတွေအတွက် အတွင်းလူနာ ၁၃၀၀၊ ၁၄၀၀၊ ၁၅၀၀ လောက်နဲ့ ပြင်ပလူနာ တစ်ရက် ၂၅၀၀ ရှိကြောင်း သိရသည်။