Eleven Media Group

■ ထိုင်းနိုင်ငံကမြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော်ကို တစ်ရက်အတွင်း  ၂ ကြိမ်ခွဲပြီးပြန်ပို့

ထိုင်းနိုင်ငံကမြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ကျော်ကို တစ်ရက်အတွင်း ၂ ကြိမ်ခွဲပြီးပြန်ပို့ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ရနှောင်းမြို့ လ၀က အချုပ်ထောင်တွင်ယာယီထိန်းသိမ်းထားသည့်မြန်မာရွှေ့ပြောင်းလုပ်သားများကို ဩဂုတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ၊ကော့‌သောင်းမြို့သို့ ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ရနှောင်းမြို့အခြေစိုက်အလုပ်သမားသံအရာရှိဦးအောင်စိုးသန်းမှ ကော့သောင်းမြို့သို့ခေါ်ဆောင်လာပြီးတာ၀န်ရှိသူများကိုလွဲ ပြောင်းပေးခဲ့ကြောင်းသိရသည်။ပြန်လည်ရောက်ရှိလာသည့်မြန်မာနိုင်ငံသားများတွင်အမျိုးသား ၁၅၉ ဦး၊အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၁၈၄ ဦးပါ၀င်ကြောင်းသိရ သည်။

" မြန်မာနိုင်ငံသားတွေက ထိုင်းတောင်ပိုင်း ၁၄ ခရိုင်မှာထောင်ကျပြီးသူတွေဖြစ်တယ်၊လွတ်ရက်စေ့လို့ပြန်လွတ်လာကြတာပါ၊သူတို့ကိုရနှောင်း IDC လ၀က အချုပ်ထောင်မှာခနထားပြီးမြန်မာဘက်ကိုပြန်ပို့နေတာပါ၊ဒီဘက်ကတာ ၀န်ရှိသူတွေစိစစ်ပြီးနေရပ်ပြန်ပို့ပေးတာတွေလုပ်ကြတယ်၊ဒီတစ်ခေါက်ထူးထူးခြားခြားအမျိုးသမီးရေးရာအဖွဲ့က လာကြိုနေတာတွေ့ရတယ်"လို့ကော့သောင်းဒေသခံတစ်ဦးကပြောကြားခဲ့သည်။ပြန်လည်ရောက်ရှိလာသည့်မြန်မာနိုင်ငံသားများကိုကျန်းမာရေးစစ်ဆေးခြင်း၊အမည်မည်းစာရင်း တွင်ပါ/မပါစစ်ဆေးခြင်း၊လူကုန်ကူးသူ၊လူကုန်ကူးခံရသူ များပါ/မပါစစ်ဆေးခြင်း၊နိုင်ငံခြားသားများရောနှောပါလာခြင်းမရှိရန်စစ်ဆေးပြီးနေရပ်ပြန်နိုင်ရန်စီစဉ်ပေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံအနေဖြင့်ထိုင်းတောင်ပိုင်းတွင်ထောင် ကျပြီးသည့်မြန်မာနိုင်ငံသားများကိုကော့သောင်းမြို့သို့ပြန်ပို့ လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ရနောင်းမှကော့သောင်းဘက်သို့ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၉၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group