ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)၌ ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။
” ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိ မြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေ ရာများနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများတပ်ဆင်အ သုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ဦးဆောင်စီမံဆောင်ရွက်ပေးရန်”အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ်ဦးညီညီလှိုင်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ်နှစ်ဦးက ထောက်ခံဆွေးနွေးပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး စိုးမိုးဝင်းကပြန်လည်ရှင်းလင်းဆွေး နွေးပြီးနောက် လွှတ်တော်တွင်အတည် ပြုခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်သည့် ကြယ် ပွင့်ပြမေးခွန်း(၇) ခုကိုမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီးများကပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။