Popular Myanmar

ကျောက်တံတားမြို့နယ်အတွင်း ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်

ရန်ကုန်၊ဩဂုတ်-၁၄

ယနေ့ ဩဂုတ် ၁၄ ရက်နေ့လည်ပိုင်းတွင် ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ဆေးခတ်ခြင်းနှင့်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့‌သည်။

ထို့ပြင် ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောဖြင့် ဆေးရုံတတ်ရသည့်လူနာများရှိသည့်အတွက် ယင်းနေအိမ်များသို့ သွားရောက်ပြီး မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် စည်ပင်မှ ဆေးဖြန်းခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသူ ၅၄ ဦးအထိ ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar