Popular Myanmar

Myanmar Women’s League ဒုတိယအကျော့အတွက် ကစားသမားအပြောင်းအရွှေ့ကာလ သတ်မှတ်

ရန်ကုန်၊ဩဂုတ်-၁၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကျော့အတွက် အသင်းများအ နေဖြင့် ကစားသမားအသစ်များ ခေါ်ယူခြင်း၊ ကစားသမားအပြောင်းအရွှေ့ပြု လုပ်ခြင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် 2nd Round Player Transfer Window Period ကို ဩဂုတ် ၁၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ သတ်မှတ်ပေးထားသည်။

ထို့ကြောင့် Women’s League အသင်းများအနေဖြင့် ဒုတိယအကျော့မစတင်မီ သတ်မှတ်ထားသည့် အပြောင်းအရွှေ့ကာလအတွင်း အသင်းအင်အားဖြည့်တင်းမှုများနှင့် ကစားသမားစာချုပ်ဆိုင် ရာ ကိစ္စရပ်များကို အချိန်မီ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Myanmar Women’s League 2026-27 ပထမအကျော့ ပွဲစဉ်များအပြီး ဒုတိယအကျော့တွင် အသင်းများ၏ လူစာရင်းအပြောင်းအလဲများနှင့် အင်အားဖြည့်တင်းမှုများက ပြိုင်ပွဲအဆင့်အတန်းနှင့် အမှတ် ပေးဇယားအပေါ် မည်သို့သက်ရောက်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မူရင်းသတင်း — Popular Myanmar