
Digital Smart မီတာအသစ် လျှောက်ထားလိုသူများ အိမ်သုံးမီတာ နှစ်သိန်းခွဲကျပ်မှစ၍ အိမ်သုံးပါဝါမီတာနှင့် စက်မှုသုံးပါဝါမီတာ kW အလိုက် ဈေးနှုန်းများ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော် အစိုးရထံမှ ဌားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Digital Smart မီတာအသစ်များကို Website မှတဆင့် လျှောက်ထားရာ၌ ဌာနမှ သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေးပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်ပါအတိုင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပေးသွင်းရမည့် နှုန်းထားများအနေဖြင့် (က) အိမ်သုံးမီတာ -၂၅၀၀၀၀ ကျပ်၊ (ခ) အိမ်သုံးပါဝါမီတာ (10 kW) ၁၀၀၀၀၀၀ ကျပ်၊ (ဂ) အိမ်သုံးပါဝါမီတာ (20 kW) - ၁၂၃၀၀၀၀ ကျပ် (ဃ) အိမ်သုံးပါဝါမီတာ (30 kW) ၁၄၆၀၀၀၀ ကျပ်၊ (င) စက်မှုသုံးပါဝါမီတာ (10 kW) - ၁၀၇၇၅၀၀ ကျပ် (စ) စက်မှုသုံးပါဝါမီတာ (20 kW) -၁၃၈၂၅၀၀ ကျပ်၊ (ဆ) စက်မှုသုံးပါဝါမီတာ (30 kW) - ၁၆၈၇၅၀၀ ကျပ် တို့ဖြစ်ကြောင်း သိရသည်။
သိရှိလိုသည်များမေးမြန်းလိုပါက (က) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်)-၀၆၇-၃၄၁၀၄၆၀၊ (ခ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)-၁၇၁၇၊ (ဂ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line)-၁၆၁၆၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ - ၀၆၇-၃၄၁၀၄၀၇ စသည့် ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။