
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်း အောင်လှိုင်သည် ယနေ့(သြဂုတ် ၁၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mr. Mikhail Mishustin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မော်စကိုမြို့ရှိ အစိုးရ အဖွဲ့ရုံးတွင် ရုရှားဖက်ဒရေးရှင်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mr. Mikhail Mishustin နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mr. Mikhail Mishustin နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။