Eleven Media Group

ဒေသတွင်း တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့​သော သဃင်္န်းညီ‌နောင်ရှိ နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရမှ ထောက်ပံ့မည်

ကရင်ပြည်နယ် မြဝတီမြို့ နယ် သဃင်္န်းညီနောင်ကျေးရွာတွင် ​ဒေသတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပျက်ဆီးဆုံးရှုံး မီး​လောင်ကျွမ်းခဲ့​သော နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၆/၂၀၂၇ ဘဏာရေးနှစ် ဖြည့်စွက်ခွင့်ပြုရံပုံငွေဖြင့် ထောက်ပံ့ပေးရန် လျာထားကြောင်း သိရသည်။

ဩဂုတ် ၁၈ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏ ဆဌမနေ့တွင် မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ကရင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအေးမင်းထွေးက တိုက်ပွဲကြောင့် ပျက်စီးခဲ့ရသည့် သဃ်န်းညီနောင်ရှိ နေအိမ်များ ပြန်လည်ထူထောင်းရေးအတွက် ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသော မေးမြန်းမှုအား ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ အ​နေဖြင့် အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းကာ ဆောင်ရွက်သွားရန် လိုအပ်​ကြောင်း၊ ထိုကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်းနှင့် ထောက်ပံ့နိုင်ရေးကို ၂၀၂၆/၂၀၂၇ ဘဏ္ဌာရေးနှစ် ဖြည့်စွက်ခွင့်ပြုရံပုံငွေတွင် လျာထားပါကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စစ်ရေးပဋိပက္ခများကြောင့် သဃ်န်းညီနောင်ကျေးရွာအုပ်စုအတွင်း ​နေအိမ်စုစု​ပေါင်း ၁၇၉ လုံးပျက်စီးဆုံးရှုံးခဲ့ ​ကြောင်း။ စာရင်းပေးထားသူ အိမ်ထောင်စု ၆၃ စု မှ လူဦးရေ ၂၉၆ ဦးတို့အား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရံပုံငွေမှ တစ်ဦးလျှင် တစ်လ ငွေကျပ်(၂)သောင်းနှုန်းဖြင့် မြို့နယ်အဆင့်ပြန်လည်ထူထောင်ရေးကော်မတီဖွဲ့စည်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ထောက်ပံ့ပေးအပ်ခဲ့ ​ကြောင်းသိရသည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှလဲ ဆန်၊ဆီ၊ကြက်ဥနှင့်ခေါက်ဆွဲခြောက်များ အစရှိသည့် စားနပ်ရိက္ခာများကို အခါအားလျှော်စွာ ကူညီထောက်ပံ့ပေးလျှက်ရှိသည်။

လက်ရှိ သဃ်န်းညီနောင်ကျေးရွာ၌ နယ်မြေတည်ငြိမ်စ ပြုလာပြီဖြစ်၍ တစ်ချို့မှ ာပြန်လည်ဝင်ရောက်နေထိုင်ကြသော်လည်း အချို့မှာ ပြန်လာနေထိုင်ခြင်းမရှိသေး ကြောင်း သိရသည်။

နယ်မြေ အခြေအနေအရ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေးအားကောင်းစေရေးဆောင်ရွက်ရန် လိုအပ်​နေဆဲဖြစ်​သည်ဟု ဆိုသည်။

မူရင်းသတင်း — Eleven Media Group