Eleven Media Group

■ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ပေါက်စိမ်း သာမဏေကျော် စာသင်တိုက်ရှိ သံဃာ ၇၆ ပါး အစာအဆိပ်သင့်မှု ဖြစ်ပွား

မန္တလေး​မြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ၊ ပေါက်စိမ်းသာမဏကျော်စာသင်တိုက်မှ သံဃာရ၆ပါး အစာအဆိပ်သင့်မှု သြဂုတ်လ၂၆ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နံနက် ၁၀ နာရီခန့်မှစတင်ကာ အော့အန်၊ ဝမ်းပျက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သံဃာများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အပါး၃၀၊ ကျောက်မီးတိုက်နယ် ဆေးရုံသို့ ၄၆ပါး စုစုပေါင်း ၇၆ပါး ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“အာရုဏ်ဆွမ်း ကပ်တာက လက်ဖက်ထမင်းရယ် ၊ ငါးဖယ်သုတ်ရယ် ၊ ကြက်သားဟင်းရည်ရယ် ၊ ငရုတ်သီးကျော်ရယ် ဘုန်းပေးပြီး မနက် ၉ နာရီလောက်မှာ စ ဖြစ်တာ ။ အစာတွေ ပြန်အန်တာပေါ့ ။ အခု ကျောက်မီးတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားတဲ့ ၄၈ ပါးမှာ ၃၇ ပါးက သက်သာလို့ ပြန်ဆင်းလာကြပါပြီ ။ ကျန်တဲ့သူတွေလည်း အခြေအနေ ကောင်းမွန်ကြပါတယ် ။ မစိုးရိမ်ရပါဘူး " ဟု စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည် ။

မူရင်းသတင်း — Eleven Media Group