


ရန်ကုန်၊ အောက်တိုဘာ ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၏ ဦးဆောင်မှုဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါမြို့နယ်၊ (၁၆) ရပ်ကွက်ရှိ ပြည်ကြီးချမ်းသာမဟာစေတီတော်၊ သန္တိသုခဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိ သူများက သွေးလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြပြီး ဒေသတွင်း သွေးလိုအပ်ချက်ရှိနေသော လူနာများအတွက် အချိန်မီအကူအညီပေးနိုင်ရန် ရည်ရွယ်ကာ ယခုကဲ့သို့ စု ပေါင်းသွေးလှူဒါန်းပွဲကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် သွေးလှူဒါန်းပွဲသို့ တက်ရောက်လာကြသော သွေးလှူရှင်ပြည်သူများအား ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များက ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှု အားပေးစကားများ ပြော ကြား ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများက စေတနာရှင် အလှူရှင်ပြည်သူများကိုယ်စား သွေးလှူရှင် စုစုပေါင်း (၁၅၀) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အာဟာရဖြည့်စွက်စာများကို အသီးသီး ပေးအပ်ချီး မြှင့် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စေတနာ့ဝန်ထမ်း အသိစိတ်ဓာတ်အပြည့်ဖြင့် တက်ကြွစွာ လာရောက်ပါဝင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(တာမွေ)
#News #Myanmar