Myanmar National Post

NLD အစွန်းရောက် အကြမ်းဖက်သမားများအား အမြန်ဆုံး နှိမ်နင်းပေးရေး - ဒို့အရေး



၂၀၂၆ ခုနှစ်၊ သြဂုတ်လ တတိယပတ်ထဲမှာ အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်လူအုပ်စုတစ်စုက စစ်ဆေးမေးမြန်းပြီး ရက်စက်စွာ သတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက ဒီအမျိုးသမီးကြီးကို တပ်မတော်ကပဲ သတ်လိုက်သယောင်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကပဲ သတ်လိုက်သယောင် လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေကာ ထိုးနှက်ခဲ့ကြပါတယ်။

ဆရာတော်တစ်ပါးက အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စာရေးသူထံ ဆက်သွယ်အကြောင်းကာ speak out လုပ်သင့်တဲ့အကြောင်း ပြောပါတယ်။ သတင်းကြားလိုက်ရပြီဆိုကတည်းက ဒီလို လူမဆန်တဲ့ လုပ်ရပ်ကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေပဲ လုပ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဒါမျိုးဖြစ်စဉ်တွေ၊ ဒီလိုပုံစံ အလားတူ ရက်စက်ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တာ နည်းမှ မနည်းတော့ဘဲ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သဘောက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တပ်မတော်ပုံရိပ်ကျအောင် ဘယ်လိုနည်းနဲ့ပဲ လုပ်ကြံဖန်တီး ဝါဒဖြန့်ရစေကာမူ သောက်ရှက်မရှိ လုပ်ဝံ့ကြပါတယ်။ 

ပြည်ဖျက်မိစ္ဆာတွေ အဲဒီလို မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး တပ်မတော်ပုံရိပ်ကျအောင် လုပ်နေလို့ စိတ်မဆိုးကြနဲ့။ နီပိန်း ပြည်ပြေး ဝရမ်းပြေးတွေ ဆိုသည်မှာ တပ်မတော်နဲ့ ပြည်သူကြား အစဉ်သဖြင့် အမုန်းပွားအောင် ဖန်တီးနေကြသူတွေမဟုတ်လား။ စိတ်မဆိုးနဲ့ ဆိုတာက နီပိန်းတွေက အောက်တန်းစား စိတ်ဓာတ်နဲ့ မဟုတ်မမှန်ဝါဒဖြန့်တာပါ။ အဲဒီလို အလုပ်မျိုးကို တပ်မတော်သားထဲက ကြာကူလီနေမျိုးဇင်လိုကောင်တွေ၊ CDM ဗိုလ်ကြီး ဆိုတဲ့ကောင်တွေကပါ သောက်ရှက်မရှိ လုပ်နေကြတာဆိုတော့ ပြည်ဖျက်မိစ္ဆာ နီပိန်းတွေ လုပ်တာကို ဘာလို့ စိတ်ဆိုးနေမလဲ။ အသားထဲက လောက်ထွက်တဲ့ ကောင်တွေတောင် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် တပ်မတော်နဲ့ ပြည်သူကြား ရန်တိုက်နေမှဖြင့် ပြည်ဖျက်မိစ္ဆာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး တပ်မတော်ကို ထိုးနှက်နေတာ မထူးဆန်းဘူးလို့သာ မှတ်ပါ။

သို့သော် အမှန်တရားဆိုတာ ကြာကြာဖုံးကွယ်ထားလို့မရပါဘူး။ မကြာပါဘူးနော် - ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ မိသားစုဝင်တွေကိုယ်တိုင်က NLD အစွန်းရောက် နီပိန်းပဒက်တွေက သတ်ခဲ့တာ ဖြစ်ကြောင်းကို တိုင်းသိ ပြည်သိ ကမ္ဘာသိအောင် ဖော်ထုတ်ပြောဆိုသွားခဲ့ပါတယ်။ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်မှာ နေတဲ့ ဒေါ်မင်းမင်းနွယ် ကို နီပိန်း ပဒက်တွေက ခေါ်သွားတာပါ၊ မောင်နှမ ၅ယောက်ထဲမှာ အကြီးဆုံး အစ်မကြီးဖြစ်ပါတယ်။ ကောက်စိုက်နေရင်းက နီပိန်း ပဒက် အကြမ်းဖက်သမား ၆ယောက် က စစ်မေးစရာရှိလို့ ဆိုပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အခြား ကောက်စိုက်ဖော်တွေလည်း ရှိပါတယ်။ အဲဒီလို ခေါ်ဆောင်သွားတဲ့အခါ ကောက်စိုက်ဖော်တွေက အိမ်ကို ပြေးလာပြီး အကြောင်းကြားကြပါတယ်။ ဒေါ်မင်းမင်းနွယ် ကိုတော့ နီပိန်း ပဒက်တွေက ခေါ်သွားပြီတဲ့။ ခင်ဦးမြို့ပေါ်က နီပိန်း ပဒက်တွေကပဲ ခင်ဦးမြို့သူ ဒေါ်မင်းမင်းနွယ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခင်ဦးမြို့ပေါ်က နီပိန်း ပဒက် ခေါင်းဆောင် ထွန်းစိုးသိန်း ပါ၊ ခင်ဦးမြို့၊ အောင်သီရိရပ်ကွက်ထဲမှာ နေထိုင်သူပဲ ဖြစ်ပါတယ်။ နောက်တစ်ယောက်က ကိုအေး၊ ကျန်တဲ့ (၄)ယောက်ကတော့ နောက်လိုက်တွေပါ။ ထွန်းစိုးသိန်း (ခ) စိုးစိုး၊ ကိုအေး၊ ချစ်ဇော်၊ ဖိုးချမ်း၊ ရန်နိုင်စိုး တို့ ပါဝင်ကြပါတယ်။ သူတို့တွေရဲ့ မိသားစုဝင်တွေလည်း ခင်ဦးမြို့၊ အေင်သီရိရပ်ကွက်ထဲမှာပဲ ရှိကြပါတယ်။ 

အချုပ်အားဖြင့် ဒေါ်မင်းမင်းနွယ် ကို နီပိန်း ပဒက်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက်စွာ သတ်ဖြတ်လိုက်ကြပေမယ့် တရားခံ နီပိန်း ပဒက် ငမိုက်သားတွေကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

နောက်ထပ် ဖြစ်စဉ်တစ်ခုကတော့ ပူပူနွေးပဲ ရှိပါသေးတယ်။ အဲဒါကတော့ ချောင်းဦးမြို့နယ်၊ ရွှေဓားကျကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးကန္ဒာစာရ နဲ့ လူပုဂ္ဂိုလ် (၆)ဦး ကို နီပိန်း ပဒက်တွေက ဖမ်းဆီးသွားပြီး ယခု ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းအရ ဆရာတော်ကိုတော့ ရက်စက်စွာ နှိပ်စက်ညှဉ်းပမ်းပြီး သတ်လိုက်ကြပြီဖြစ်ပါတယ်။ ကျန်တဲ့ လူပုဂ္ဂိုလ်တွေတော့ နီပိန်း ပဒက်တွေရဲ့ လက်ထဲမှာ သေပြီလား၊ အသက်ရှင်လျက်ရှိသေးလား မသိရပါဘူး။ ဆရာတော် ကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပမ်းပြီး သတ်ထားတာကတော့ မြင်ရက်စရာမရှိလောက်အောင်ကို ဆိုးရွားလွန်းလှပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ရုပ်သံမှတ်တမ်းတွေသာ ထွက်မလာဘူးဆိုရင် နီပိန်း ပဒက်တွေက သူတို့ရဲ့ ရက်စက်ယုတ်မာမှုကို တပ်မတော်ကို လွှဲချတာမျိုး၊ ပြည်သူ့စစ်ကို လွှဲချတာမျိုး သောက်ရှက်မရှိ လုပ်ကြအုံးမှာ ဖြစ်ပါတယ်။ သို့သော်လည်း နီပိန်း ပဒက် လူယုတ်မာတွေရဲ့ ရက်စက်ယုတ်မာမှုတွေ ဝန်မခံလည်း သူတို့ရဲ့ လုပ်ရပ်ဆိုတာကို တွက်ဆလို့ ရပါတယ်။ အလားတူ ရက်စက်ယုတ်မာမှုတွေ ၂၀၂၁ မှ ၂၀၂၅ ကာလ ရေတွက်လို့မှ မရတော့ဘဲ။

နိဂုံးချုပ်အားဖြင့် ပြောရင်တော့ လက်ရှိအစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုတာ ဘာလဲ။ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်အရ အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ (နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။) လို့ ပြဋ္ဌာန်းထားပါတယ်။ အထက်ပါ ဖြစ်စဉ်များမှ လက်နက်မဲ့ အမျိုးသမီး၊ ဆရာတော် သံဃာတော်နဲ့ လူပုဂ္ဂိုလ်များကို နီပိန်း ပဒက်များက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်များမှာ ကယ်တင်ပေးတာ၊ ကာကွယ်ပေးတာ ရှိခဲ့သလား။ နီပိန်း ပဒက် အကြမ်းဖက်သမားတွေက အပြစ်မဲ့ ဆရာတော်သံဃာတော်များ၊ လူပုဂ္ဂိုလ်များကို ဖမ်းဆီးခေါ်သွားလို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်တယ်ဆိုတာမျိုး မရှိခဲ့ပါဘူး။ 

သဘောအားဖြင့် ပုလဲနဂါးအဖွဲ့ကို နီပိန်းတွေလက်ထဲကနေ ကယ်တင်ပေးခဲ့သလို အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို အကြမ်းဖက်သမားများလက်ထဲကနေ ကယ်တယ်ဆိုတာမျိုး မရှိဘူး။ သဘောအားဖြင့် ပုလဲနဂါးအဖွဲ့မှာ နီပိန်း ပဒက်တွေကို ပြန်လည်ခုခံဖို့ လက်နက်ရှိနေပါသေးတယ်။ အပြစ်မဲ့ ဆရာတော်သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ဆိုသည်မှာ လက်နက်ကိုင် အကြမ်းဖက်သမားများ မဟုတ်တဲ့အတွက်ကြောင့် နီပိန်း ပဒက်များကို ခုခံရင်ဆိုင်ဖို့ဆိုသည်မှာလည်း အင်အားမရှိပါဘူး။

ဆိုရပါမူ တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ နီပိန်းပဒက်တွေအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီးပါပြီ။ နီပိန်း ပဒက် အကြမ်းဖက်သမားများကတော့ အကြမ်းဖက်သမား ပီသပါပေတယ်။ ဆိုရင် အကြမ်းဖက်နှိမ်နင်းရေးကရော ပီပြင်ပြတ်သားဖို့ မလိုဘူးလား။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို အကြမ်းဖက်ဘေးရန် ကင်းဝေးအောင် ကာကွယ်မှု ပေးရမယ် မဟုတ်ပါလား။ 

ယနေ့အချိန်အထိ အကြမ်းဖက်နှိမ်နင်းရေးဟာ ထိရောက်ပြတ်သားမှုမရှိတာ ဘာကြောင့်ပါလဲ။ အကြမ်းဖက်သမား မွေးမြူရေး လုပ်နေတာလား။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေဟာ ယခုလို အကြမ်းဖက်သမားတွေ ထောင်းလမောင်းထနေသ၍ အပြောသာ ရှိပြီး လက်တွေ့ လုပ်ဆောင်ရာမှာ အောင်မြင်မှုရဖို့ အလှမ်းဝေးလွန်းလှပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးကိုမှ အလေးထား မလုပ်ဘူးဆိုရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှု မပေးနိုင်ဘူးဆိုရင် အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေအုံးမှာပါပဲ။ 

တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးက ပထမ၊ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေးက ပထမ ဖြစ်သင့်ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားများအား အမြန်ဆုံး နှိမ်နင်းပေးရေး - ဒို့အရေး၊ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး - ဒို့အရေး လို့ ဆိုချင်ပါတယ်။ တိုင်းပြည်ကာကွယ်ရေး တာဝန်ယူထားကြတဲ့ တာဝန်ရှိသူများ ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်မှုပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ရပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

မူရင်းသတင်း — Myanmar National Post