
စင်ကာပူအခြေစိုက် The Straits Times သတင်းစာမှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားကို အဓိကထားပြီး အခြားသော အကြောင်းအရာများနဲ့ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းမှာက မြန်မာပြည်အခြေအနေကို မလိုလားအပ်သော သုံးသပ်ချက်တွေပါ ထည့်သွင်းဖော်ပြထားခြင်းကြောင့် သတင်းမူရင်းအတိုင်း မဟုတ်ဘဲ ပြန်လည်သုံးသပ်တင်ပြရခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ငါးနှစ်ကြာဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်ရာ၌ ထိရောက်မှုမရှိခြင်းအတွက် ASEAN အဖွဲ့သည် ဝေဖန်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသော်လည်း၊ မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းမှုစားပွဲဝိုင်းသို့ ခေါ်ဆောင်လာနိုင်ရေးတွင် တိုးတက်မှုအချို့ ရရှိထားပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ The Straits Times သတင်းဌာန က မြန်မာစစ်အစိုးရလို့ သုံးနှုံးဖော်ပြထားပါတယ်။ ဒါကလည်း ပြည်ပသတင်းဌာနတွေအနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေမှန် ထင်ဟပ်ခြင်းမရှိတဲ့ လိုရာစွဲသုံးနှုန်းဖော်ပြချက်ဖြစ်လို့ မြန်မာအစိုးရလို့သာ ပြန်လည်သုံးနှုံးဖော်ပြထားပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့က The Straits Times သတင်းဌာနနှင့် ပြုလုပ်ခဲ့သော သီးသန့်အင်တာဗျူးတစ်ခုတွင် မားကို့စ်က "ငါးချက်ပါ သဘောတူညီချက်" (Five-Point Consensus) ငြိမ်းချမ်းရေးအစီအစဉ်မှာ ထိရောက်မှုမရှိသည့်အတွက် ၂၀၂၆ ခုနှစ်တွင် ASEAN ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ASEAN ၏ ချဉ်းကပ်ပုံကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရေး၊ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်အစိုးရက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် နှစ်လအကြာ၌ ASEAN က ရေးဆွဲခဲ့သော ဤအစီအစဉ်သည် စစ်အစိုးရနှင့် ASEAN တို့၏ ဆက်ဆံရေးအတွက် အဓိကကျသော မူဘောင်စာတမ်းတစ်ခု ဖြစ်ပါတယ်လို့ The Straits Times က ဖော်ပြပါတယ်။ ဒီလိုဖော်ပြချက်ဟာလည်း ၂၀၂၀ မှာ NLD ပါတီက မဲလိမ်မဲခိုးလုပ်ခဲ့တာကို မြှုပ်ကွက်တစ်ခုလိုထားပြီး တပ်မတော်ကပဲ မတရားသဖြင့် ဖြုတ်ချသယောင် ပုံဖော်ရေးသားခြင်းဖြစ်ပါတယ်။ တကယ်တော့ NLD အစိုးရရဲ့ မဲလိမ်မဲခိုးမှုကြီးကို ကမ္ဘာကျော်မီဒီယာတွေအနေနဲ့ မသိတာမဟုတ်ပါဘူး။ လုံးဝမျက်ကွယ်ပြုထားပြီး မဲလိမ်မဲခိုးအစိုးရကို ရွေးကောက်ခံအစိုးရလို့ ဖန်တီးသုံးနှုန်းနေကြခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက်ပိုင်းတွင် ASEAN သည် စစ်အစိုးရခေါင်းဆောင်များအား ၎င်းတို့၏ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပြီး၊ စစ်အစိုးရအနေဖြင့် "ငါးချက်ပါ သဘောတူညီချက်" အစီအစဉ်နှင့်ပတ်သက်၍ တိုးတက်မှုများ ပြသရန် လိုအပ်ကြောင်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း ရေးသားဖော်ပြပါတယ်။ ဒီလိုရေးသားဖော်ပြမှုပုံစံက ပြည်ပြေး မီဒီယာတွေရဲ့ ပုံဖော်ရေးသားမှုပုံစံနဲ့ ထပ်တူကျနေပါတယ်။ NLD အစိုးရကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာ မဟုတ်ပါဘူး။ မဲလိမ်မဲခိုးမှုတွေ မရှင်းဘဲ လွှတ်တော်ခေါ်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ ကြိုးပမ်းလာခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ သူတို့ ပြောတဲ့ NLD ဆိုတာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီများစာရင်းထဲတောင် မရှိတော့ပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်မျိုးစုံလုပ်ခဲ့ကြတယ်။ ပါတီကို မှတ်ပုံမတင်ခဲ့ပါဘူး။
ST သတင်းရဲ့ ဖော်ပြချက်မှာ "ငါးချက်ပါ သဘောတူညီချက်" မှာ "လုံးဝမှန်ကန်သော" အစီအစဉ်တစ်ခုဖြစ်သော်လည်း လက်တွေ့တွင် ထိရောက်မှုမရှိကြောင်း မားကို့စ်က ST သို့ ပြောကြားခဲ့ပါတယ်။ "ဒါဟာ ကျွန်တော်တို့ ဥက္ကဋ္ဌတာဝန်ယူချိန်မှာ ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မေလတုန်းက Cebu (စီဘူး) မြို့မှာ ကျင်းပခဲ့တဲ့ ASEAN ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ချဉ်းကပ်ပုံအသစ်တစ်ခု လိုအပ်တယ်လို့ ကျွန်တော် အဆိုပြုပြောကြားခဲ့ဖူးလို့ပါ" ဟု ၎င်းက ပြောဆိုထားပါတယ်။
"ဘာမှဖြစ်မလာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တခြားနည်းလမ်းတစ်ခုခုကို လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ မြန်မာခေါင်းဆောင်ဟာ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းကို ဒီနေ့ပဲ မြင်တွေ့ခဲ့ရတဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ဒါဟာ အရင်က ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ အစပျိုးမှုတစ်ခုပါ" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒေသတွင်းအဖွဲ့အစည်း၏ "ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး" နှင့် "သဘောတူညီချက်ရယူရေးကို အခြေခံသည့် ချဉ်းကပ်မှု" တို့သည် အဓိပ္ပာယ်ပြည့်ဝသော လုပ်ဆောင်ချက်များ ပြုလုပ်နိုင်စွမ်းကို ကန့်သတ်ချုပ်ချယ်စေတယ်လို့ အာဆီယံရဲ့ အခြေခံမူတွေကို ST က ထည့်သွင်းဖော်ပြလာပါတယ်။ ဒီအချက်တွေကို ကိုးကားလာပြီဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့အတွင်း ကန့်သတ်မှုတွေ လုပ်ခဲ့တာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတာကို ST သတင်းဌာနအနေနဲ့ အထင်အရှား သိမြင်ရမှာ ဖြစ်ပါတယ်။
"အာဆီယံရဲ့ အားသာချက်က သဘောတူညီမှုရရှိဖို့ ဆက်လက်ကြိုးပမ်းအားထုတ်မှုမှာ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု မားကို့စ်က ပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အသေးစိတ်အချက်အလက်များ သို့မဟုတ် သဘောထားကွဲလွဲမှုအချို့ ရှိနေသော်လည်း အဓိကအချက်များကိုမူ သဘောတူညီထားပြီးဖြစ်ကာ ယင်းအပေါ်တွင် ဆက်လက်တည်ဆောက်သွားနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်လာသော အခြေအနေများကို "မြေကြီးထဲမှ အပင်ပေါက်စလေးများ ထွက်ပေါ်လာခြင်း" နှင့် နှိုင်းယှဉ်ပြောဆိုခဲ့ပြီး၊ ၎င်းတို့သည် မေလက ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးမှ စတင်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ကြောင်း မားကို့စ်က ပြောဆိုပါတယ်။ ထိုအစည်းအဝေးတွင် ခေါင်းဆောင်များက မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ပိုမိုလုပ်ဆောင်ရန် သို့မဟုတ် ကွဲပြားခြားနားသော နည်းလမ်းဖြင့် လုပ်ဆောင်ရန် လိုအပ်သည်ဟု သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
"ဒါကြောင့် မျှော်လင့်ရတာကတော့ ဒီအရာတွေဟာ အစပိုင်းမှာ အသေးအဖွဲလေးတွေကနေ စတင်ပေမယ့် နောက်ပိုင်းမှာတော့ ပိုမိုကြီးမားကျယ်ပြန့်ပြီး ပိုမိုအရေးပါတဲ့အရာတွေအဖြစ် ကြီးထွားတိုးတက်လာကာ နောက်ဆုံးမှာတော့ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု မားကို့စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ST ရဲ့ အာဘော်မှာ အာဆီယံအဖွဲ့ဝင်အားလုံးက မားကို့စ် ၏ အမြင်ကို လက်ခံကြသည်တော့ မဟုတ်ပါ။ ဥပမာအားဖြင့် အဖွဲ့ဝင် ၁၁ နိုင်ငံအနက် အသစ်ဆုံးဖြစ်သော တီမောလက်စတေ (Timor-Leste) နိုင်ငံသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို ထောက်ခံအားပေးပြီး၊ စစ်ရာဇဝတ်မှုများ ကျူးလွန်မှုအတွက် မြန်မာအစိုးရကို တရားစွဲဆိုရန် ဖေဖော်ဝါရီလတွင် စတင်လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ တီမောလက်စေနိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့ဝင်တွေ ဇင်မာအောင်အပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံခဲ့တာကိုတော့ ST က ထည့်သွင်းဖော်ပြခြင်း မရှိပါဘူး။
ST က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ရပြီး၊ ဇွန်လအထိ လူပေါင်း ၃.၈ သန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ အရှေ့တောင်အာရှ၏ အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံအတွင်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်ရှိ လူစည်ကားရာ ဈေးတစ်ခုကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူပေါင်း အနည်းဆုံး ၅၀ သေဆုံးခဲ့ရတယ် ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းဖော်ပြထားပြန်ပါတယ်။ မြန်မာပြည်မှာ လူပေါင်း သိန်းနဲ့ချီသေဆုံးနေရခြင်းက စစ်တပ်ကြောင့် မဟုတ်ဘဲ NLD ပါတီက ပေါက်ဖွားလာတဲ့ CRPH, NUG, PDF နဲ့ အခြားသော သောင်းကျန်းသူအဖွဲ့တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာကို ST က မြုပ်ကွက်ထားပါတယ်။ ရခိုင်ပြည်နယ်မှ လေကြောင်းက ရှင်းလင်းရခြင်းအကြောင်းအရင်းမှာလည်း အဲဒီနေရာဟာ AA အကြမ်းဖက်အဖွဲ့ရဲ့ အဓိက ထောက်ပို့လမ်းကြောင်း၊ တရားမဝင် ကုန်စည်တင်သွင်းတဲ့နေရာ ဖြစ်နေတာကိုလည်း လေ့လာသုံးသပ်ဖော်ပြခြင်းမျိုး မရှိပါဘူး။
ST က "တော်လှန်ရေးအင်အားစုများက နိုင်ငံကို အုပ်ချုပ်နေသော စစ်အစိုးရ၏ ထိန်းချုပ်မှုကို ဆက်လက်စိန်ခေါ်လျက်ရှိပါတယ်" လို့ ရေးသားထားပါတယ်။ သူတို့ရဲ့ ရေးသားဖော်ပြမှု ပုံစံဟာ ပြည်ဖျက်မီဒီယာတွေကို ပုံစံတူကိုးကားရေးသားတာ ထင်ရှားနေပါတယ်။ တော်လှန်ရေးအင်အားစုလို့ သုံးနှုန်းတာက မှားယွင်းနေတဲ့ အချက်ပါပဲ။ CRPH, NUG, PDF အပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးသမားများရဲ့ လုပ်ရပ်မျိုးမဟုတ်ဘဲ IS အကြမ်းဖက်အဖွဲ့ထက်ပင် ရက်စက်ယုတ်မာသော လုပ်ရပ်များကို မသိကျိုးကျွန်ပြုပြီး တော်လှန်ရေးဆိုတဲ့ အသုံးနှုန်းကို သုံးနှုန်းရေးသားနေခြင်း ဖြစ်ပါတယ်။
ST ရဲ့ ဖော်ပြချက်မှာ တစ်ဖက်တွင်လည်း မှတ်ပုံတင်ဖျက်သိမ်းခံထားရသော NLD ပါတီ ပါဝင်ခွင့်မရခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများက ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည့် ပါတီ၏ခေါင်းဆောင်ဟောင်းဖြစ်သူ စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်အသိအမှတ်ပြုမှု ရရှိစေရန် ကြိုးပမ်းလျက်ရှိပါတယ်။ ၎င်းသည် တရုတ်နှင့် ရုရှားနိုင်ငံများအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံသို့လည်း သွားရောက်ခဲ့ပြီးဖြစ်ကာ မလေးရှားနိုင်ငံမှာ နောက်ဆုံးသွားရောက်ခဲ့သည့် နိုင်ငံဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ အသိအမှတ်ပြုဖို့ ဘယ်နိုင်ငံကိုမှ လိုက်ပြီး ခယနေတာမဟုတ်ပါဘူး။ သက်ဆိုင်ရာ နိုင်ငံများက နိုင်ငံရေးအခင်းအကျင်းကို ကြည့်ပြီး ခယနေကြတာကို ST အနေနဲ့လည်း သိမြင်နားလည်သင့်ပါတယ်။
ST က "မင်းအောင်လှိုင်ကို အထူးဂုဏ်ပြုကြိုဆိုခဲ့မှုများအတွက် ဘန်ကောက်နှင့် ကွာလာလမ်ပူမြို့တော်တို့သည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်" လို့ ဖော်ပြထားပါတယ်။ ဘယ်သူတွေက ဝေဖန်တာလဲ၊ NUG, CRPH အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေဘက်က ရပ်တည်တဲ့ နိုင်ငံ၊ အဖွဲ့အစည်း၊ မီဒီယာတွေကတော့ လုပ်ကြံဖန်တီးရေးသားမှုမျိုးစုံနဲ့ ဝေဖန်တာကို ကိုးကားဖော်ပြတာမျိုးကတော့ ရိုးလွန်းနေပါတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီကို အမှန်တကယ်လိုလားကြတာမှ မဟုတ်ဘဲ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ သူတို့အတ္တကို အခြေခံပြီး ဝေဖန်နေကြတာ ဝေဖန်ရေးသက်သက်ပါပဲ။ ထိရောက်မှု မရှိပါဘူး။ သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့က လက်ရှိ ရွေးကောက်ခံအစိုးရ အကြီးအကဲကို ဖိတ်ခေါ်တယ်ဆိုတာ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေမယ့် အကြောင်းတရားတွေ ရှိလို့ပေါ့။
ST ရဲ့ ဖော်ပြချက်ကို ကြည့်ပါ။ "အထူးသဖြင့် တက်ကြွလှုပ်ရှားသူအချို့က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် အား ဝေဖန်ခဲ့ကြပါတယ်။ အကြောင်းရင်းမှာ ၎င်းအနေဖြင့် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် မည်သည့်ကတိကဝတ်မျှ ရယူခြင်းမရှိဘဲ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်းကို အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် လက်ခံတွေ့ဆုံခဲ့ခြင်း၊ နှင့် မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအပါအဝင် မြန်မာနိုင်ငံသားများကို ၎င်းတို့အနေဖြင့် နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေရှိသည့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကိစ္စတို့ကြောင့် ဖြစ်ပါတယ်" လို့ ဖန်တီးရေးသား ထားပါတယ်။
ST အနေနဲ့ မားကို့စ် ကို အင်တာဗျူးရမှာ မဟုတ်ဘဲ မလေးရှားဝန်ကြီးချုပ်ကိုသာ ဗျူးမယ်ဆိုရင် သူတို့ ထည့်သွင်းသုံးနှုန်းဖော်ပြထားတဲ့ လူမျိုးလိမ်နာမည်ရဲ့ သမိုင်းကြောင်းကိုပါ မလေးရှားဝန်ကြီးချုပ်က ရှင်းပြပါလိမ့်မယ်။ ပြောင်းရွှေ့အခြေချသူတွေရဲ့ ဇာတ်မြစ်၊ သမိုင်းကိုပါ သမ္မတကြီးက ရှင်းလင်းပြောပြခဲ့တယ်။ စင်ကာပူအခြေစိုက် ST သတင်းဌာနအနေနဲ့ မှားယွင်းတဲ့ လူမျိုးလိမ်နာမည်ကို ထည့်သွင်းဖော်ပြရာကနေ ဘင်္ဂါလီကို ဘင်္ဂါလီလို့ပဲ မြန်မာပြည်က အသိအမှတ်ပြုထားတာပါလားဆိုတဲ့ အမှန်တရားကို သိမြင်နိုင်ပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့တွင် အန်ဝါက ဤသို့ပြောကြားခဲ့သည် - "ကျွန်ုပ်တို့အနေနဲ့ အာဆီယံရဲ့ လုပ်ငန်းစဉ်ယန္တရားကို သတိရအောက်မေ့နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတကြီးနဲ့ သင့်အစိုးရအနေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာစေဖို့သာမက သင့်နိုင်ငံတွင်းမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ မူဝါဒအပြောင်းအလဲတွေနဲ့ ချိန်ညှိပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ နားလည်ပါတယ်။ မလေးရှားဘက်ကနေ ကျွန်ုပ်တို့အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ နောက်ဆုံးမှာတော့ အာဆီယံအခြေအနေနဲ့အညီ ဘက်လိုက်မှုမရှိဘဲ မြန်မာနိုင်ငံကို ကျွန်ုပ်တို့ရဲ့ နိုင်ငံများအသိုက်အဝန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံနိုင်ဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"
ဒါကို ကြည့်ခြင်းအားဖြင့် အာဆီယံအခြေခံမူတွေကို သူတို့ကိုယ်တိုင် မျက်ကွယ်ပြုပြီး အခုမှ မူဝါဒကို အခြေခံပြောဆိုမှုတွေနဲ့ အပြုသဘောဆန်တဲ့ လမ်းကြောင်းဘက်ကို ပြောင်းလဲလာခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေမှုအခြေအနေနဲ့ ဖိအားပေးတဲ့ နိုင်ငံများထဲမှာ မလေးရှားသည် တီမောလက်စတေပြီးရင် ဒုတိယလိုက်ပါတယ်။
ST က အောက်တိုဘာလ ၈ ရက်နေ့က ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အန်ဝါနှင့် မင်းအောင်လှိုင် နှစ်ဦးစလုံးသည် "အချက် ၅ ချက်ပါ သဘောတူညီချက်" (Five-Point Consensus) နှင့် ပတ်သက်၍ မည်သည့်အရာမျှ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
အာဆီယံအခြေခံမူအတိုင်းသာသွားရင် မလိုလားအပ်တဲ့ ဖိအားပေးပြောဆိုမှုတွေ ဘာတစ်ခုမှ လုပ်စရာမလိုဘူး။ "အချက် ၅ ချက်ပါ သဘောတူညီချက်" (Five-Point Consensus) ဆိုတာကလည်း အာဆီယံမူကို ကျော်လွန်လို့မရပါဘူး။ ဒါကြောင့် အရေးတယူလုပ်ပြီး ပြောနေဖို့ မလိုတဲ့အတွက်ကြောင့် နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံအကျိုးစီးပွားအတွက်ကို ရှေးရှုပြောဆိုသွားကြတယ်လို့ နားလည်ရမှာ ဖြစ်ပါတယ်။
ST ရဲ့ ဖော်ပြချက်မှာ - ဇူလိုင်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် (Vivian Balakrishnan) က "အချက် ၅ ချက်ပါ သဘောတူညီချက်" နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ လက်တွေ့မြင်သာထင်သာရှိသော တိုးတက်မှုများ (ဥပမာ - ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည်လွှတ်ပေးခြင်း) ကို အာဆီယံအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်လို့ ထည့်သွင်းရေးသားဖော်ပြပါတယ်။
ဘန်ကောက်မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့အကြား ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ၎င်းက သတင်းထောက်များအား ဤသို့ပြောကြားခဲ့သည် - "အရေးအကြီးဆုံးအချက်ကတော့ 'အချက် ၅ ချက်ပါ သဘောတူညီချက်' ရဲ့ အဓိကကျတဲ့ အရေးပါမှုကို ကျွန်ုပ်တို့အားလုံးက ထပ်လောင်းအတည်ပြုခဲ့ကြတာပါပဲ။ အဲဒီသဘောတူညီချက်ဟာ အရင်ကလည်း အတည်ဖြစ်ခဲ့သလို အခုအချိန်အထိလည်း အတည်ဖြစ်နေဆဲပါပဲ။" လို့ စင်ကာကူက ပြောခဲ့တာကို ကုတ်လုပ် ဖော်ပြပါတယ်။
ST ရဲ့ ဖော်ပြချက် - စစ်မီးတောက်လောင်နေသော မြန်မာနိုင်ငံ၏ အခြေအနေတွင် မည်သည့်လက်တွေ့ကျသော တိုးတက်မှုမျိုးကိုမျှ မရရှိဘဲ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်အား နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုသကဲ့သို့ ဖြစ်စေနိုင်သည့် အန္တရာယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးပြောကြားခဲ့ကြပါတယ်လို့ ထည့်သွင်းဖော်ပြထားပါသေးတယ်။ အဲဒီ လူ့အခွင့်အရေးအဖွဲ့များ ဆိုသည်မှာ CRPH, NUG, PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစ်လုံးတစ်ပါဒမျှ မပြောဆိုခြင်းဟာ လူ့အခွင့်အရေးအတွက် ဦးတည်လုပ်ဆောင်နေခြင်းမျိုး မဟုတ်ဘဲ လူ့အခွင့်အရေးအရည်ခြုံ လုပ်စားသူတွေ ဖြစ်နေတာကို ST က သဘောပေါက်သင့်ပါတယ်။ စစ်မီးတောက်လောက်အောင် လုပ်ဆောင်နေတာ တပ်မတော်မဟုတ်ဘဲ အကြမ်းဖက်အုပ်စု (စစ်သွေးကြွ) အဖွဲ့တွေကြောင့် ဖြစ်နေတာကို မျက်ကွယ်ပြု ရေးသားတာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။
ST ရဲ့ ဖော်ပြချက်မှာ - အာဆီယံအနေဖြင့် မြန်မာအစိုးရကို အသိအမှတ်ပြုသည့်လမ်းကြောင်းဆီသို့ ဦးတည်နေခြင်း ရှိ၊ မရှိ မေးမြန်းခံရသည့်အခါ မာကို့စ်က "အချက် ၅ ချက်ပါ သဘောတူညီချက်" (Five-Point Consensus) ကို မည်သို့မျှ လျှော့ပေါ့ညှိနှိုင်း၍မရနိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း၊ မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်လိုပါက ထိုသို့ အသိအမှတ်ပြုသည့်လမ်းကြောင်းဆီသို့ ဦးတည်လှုပ်ရှားသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာကျော်မီဒီယာတွေလို့ ယူဆရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်များမှာ မြန်မာပြည်အရေးကို ဖော်ပြသည့်အခါတိုင်း လူမျိုးလိမ်အရေး ထည့်သွင်းဖော်ပြတာကြီးကလည်း သတင်းကောင်းတွေကို ပုံပျက်စေပါတယ်။ အာဆီယံဒေသတွင်းမှာ သဘောထားတင်မာသူလို့ ယူဆရတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ အခြေအနေက မြန်မာနိုင်ငံအပေါ် သဘောထားပျော့ပျောင်းလာမှဖြင့် ဖိလစ်ပိုင်သမ္မရဲ့ သဘောထားက တင်းမာနေလို့ ရပါ့အုံးမလား။
ဒီသတင်းကို ကောက်နှုတ်ဖော်ပြရတဲ့ အဓိကအကြောင်းအရင်းက လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သဘောထား ပျော့ပျောင်းလာမှုအခြေအနေပါ။ ဒီသတင်းထဲမှာမှ မလိုလားအပ်တဲ့ သုံးသပ်ချက်တွေနဲ့ လူမျိုးလိမ်နာမည် ထည့်သွင်း ဖော်ပြမှုတွေကိုလည်း မှန်ကန်စွာ သိမြင်စေဖို့ သုံးသပ်ချက်အနေနဲ့ ပြန်လည်တင်ပြခြင်းမျိုး ဖြစ်ပါတယ်။
နောင်
#News #Myanmar