
ဩဂုတ် - ၂၈ ( သောကြာနေ့ )
ဂျာမနီနိုင်ငံရဲ့ ရှေးအကျဆုံး ဝိုင်စက်ရုံတွေထဲက တစ်ခုဖြစ်တဲ့ ကလိုစတာပီဖော်တာ ဟာ ဒေဝါလီခံရတော့မယ့် အန္တရာယ် နဲ့ ၂၀၂၇ ခုနှစ်မှာ ရင်ဆိုင်ရနိုင်တယ်လို့ ပြည်နယ်အစိုးရက တာဝန်ပေးအပ်ထားတဲ့ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာအရ သိရပါတယ်။ သုံးစွဲမှု လျော့ကျလာတာနဲ့ ဈေးပေါတဲ့ သွင်းကုန်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂျာမနီနိုင်ငံရဲ့ ဝိုင်ဈေးကွက် ကျဆင်းမှုကြားမှာ အကျိုးအမြတ်မကျန်တဲ့အပြင် စီးပွားရေးပုံစံနဲ့ ဝန်ထမ်းစရိတ် ကြီးမားမှုတွေဟာ အဓိကပြဿနာ ဖြစ်နေတာပါ။
ဆက်ဆွန်-အန်ဟော့ ပြည်နယ်က ပိုင်ဆိုင်တဲ့ ကလိုစတာပီဖော်တာ ဟာ ဥရောပမှာ မနားတမ်း လည်ပတ်နေတဲ့ သက်တမ်းအရင့်ဆုံး ဝိုင်စက်ရုံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၁၁၃၇ ခုနှစ်မှာ ဆစ်စတာဆီယံ ဘုန်းတော်ကြီး တွေက ဒီစက်ရုံကို စတင်တည်ထောင်ခဲ့ပြီး ၁၁၅၄ ခုနှစ်မှာတော့ ဝိုင်စိုက်ခင်းကို စတင်စိုက်ပျိုးခဲ့ကြတာပါ။ ၁၉၉၃ ခုနှစ် ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက်ပိုင်းမှာ ပြည်နယ်အစိုးရက ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူခဲ့ပေမယ့် ဒီဝိုင်စိုက်ခင်းဟာ ရီးစလင်း၊ ပီနိုဘလန့် နဲ့ ပီနိုဂရီး ဝိုင်ကဲ့သို့ ထုတ်ကုန်တွေအပြင် ဝိတ်ဆာဟူးနစ်ချ် နဲ့ ဝှိုတ်အယ်လ်ဘလင်း လိုမျိုး ရှားပါးပြီး သမိုင်းဝင် စပျစ်မျိုးစိတ်တွေကိုပါ ဆက်လက်စိုက်ပျိုး ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
အင်္ဂါနေ့က ဒေသတွင်း သတင်းစာက ကိုးကားဖော်ပြထားတဲ့ စာရင်းစစ်လုပ်ငန်း အီကိုဗစ်စ် ရဲ့ လွတ်လပ်သော အစီရင်ခံစာတစ်ခုအရ အဆိုပါ ဝိုင်စက်ရုံဟာ လက်ရှိတွင် ချေးငွေ အသစ်ရယူဖို့ သို့မဟုတ် ငွေကြေးလည်ပတ်မှုကို ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ကြောင်း သိရပါတယ်။
"လက်ရှိ စီးပွားရေးပုံစံဟာ ဆက်တိုက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒီတိုင်းအတိုင်း ဆက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု စာရင်းစစ်များက သတိပေးခဲ့ပြီး "ပြင်းထန်တဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု နည်းလမ်းတွေ မလုပ်ဆောင်ဘူးဆိုရင် အဲဒီဆုံးရှုံးမှုတွေဟာ နောက်ဆုံး ၂၀၂၇ ခုနှစ်မှာ ကုမ္ပဏီကို ဒေဝါလီခံရတာနဲ့ ကြွေးမြီပတ်လည်ဝိုင်းသွားတာမျိုးတွေ ဖြစ်လာစေမှာပါ" ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
စာရင်းစစ်များက ဝန်ထမ်းစရိတ် မြင့်မားခြင်း၊ စပျစ်စိုက်ခင်းများကို ထိရောက်စွာ မသုံးစွဲနိုင်ခြင်းနှင့် အရောင်းအဝယ်နှင့် ဈေးကွက်မြှင့်တင်ရေး အားနည်းခြင်းတို့ကို အဓိက အပြစ်တင်ထားပြီး၊ ဒါ့အပြင် ဆိုးရွားခဲ့သည့် ၂၀၂၄ ခုနှစ် စပျစ်ရိတ်သိမ်းမှုနှင့် အထွေထွေ ဝိုင်ဈေးကွက် ကျဆင်းမှုတို့ကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
ဒေဝါလီခံရမည့် ဘေးမှ ရှောင်ရှားရန် ကလိုစတာပီဖော်တာ က ၎င်းရဲ့ စပျစ်စိုက်ခင်းများကို ထက်ဝက်လျှော့ချရန်၊ ဝန်ထမ်းများ လျှော့ချရန်နှင့် လေးနှစ်ကြာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး စီမံကိန်းအောက်တွင် ယူရို ၂ သန်း ထောက်ပံ့ငွေ ရယူရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
REF: RT
#News #Myanmar