Myanmar National Post

အိမ်မဲမြို့နယ်တွင် အယ်လ်နီညိုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေး ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်





အိမ်မဲ၊ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးနှင့် တောင်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ပညာပေးဆွေးနွေးပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်တာဝန်ခံများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပညာပေးဆွေးနွေးပွဲများတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုများနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်သည့် အခြေအနေများကို တောင်သူများသိရှိနားလည်စေရန်၊ သီးနှံပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်ပြင်ဆင်ဆောင်ရွက်နိုင်ရန်နှင့် ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ပညာပေးဆွေးနွေးပွဲများကို ရှမ်းကွင်းကျေးရွာ၊ ကမန်းတောင်ကျေးရွာ၊ ကညင်ကွင်းကျေးရွာမှ၊ လက်ပံကုန်းကျေးရွာ၊ ကျုံစိန်ကျေးရွာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲများမှတစ်ဆင့် တောင်သူများအနေဖြင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများကို ကြိုတင်သိရှိပြီး သီးနှံပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုများ တည်ငြိမ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန် အသိပညာပေးခဲ့ကြောင်း သိရသည်။


ချစ်သက်လယ် 

#News #Myanmar

မူရင်းသတင်း — Myanmar National Post