Myanmar National Post

ပခုက္ကူမြို့နယ်၌ အယ်လ်နီညိုဖြစ်စဉ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်




ပခုက္ကူ၊ အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌အယ်လ်နီညိုဖြစ်စဉ်ကာလအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စက်သုံးဆီအရောင်းဆိုင်များထံ ကွင်းဆင်းဆောင်ရွက်သည်။

ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၏လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပခုက္ကူမြို့နယ်၊ လယ်ယာကျေးရွာ၊ပေါက်-ပခုက္ကူကားလမ်းနံဘေးရှိ Petro Top နှင့်အာကာမျိုးစက်သုံးဆီအရောင်းဆိုင်တို့ထံကွင်းဆင်း၍ အယ်လ်နီညိုဖြစ်စဉ်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွား စေရေး မီးဘေးလုံခြုံရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post