Myanmar National Post

တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



တွန်းဇံ၊ ဩဂုတ် ၂၈

ချင်းပြည်နယ်တွန်းဇံမြို့၌ အကြမ်းဖက်တိုက်ဖျက်မှုကြောင့် တစိစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းဆောက်ရွက်လျက်ရှိရာ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး (မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ)ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ဩဂုတ် (၂၆) ရက် နံနက် (၉) နာရံအချိန်က ဌာနာဆိုင်ရာ အဆောက်အဦများ ပြုပြင်ခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ငန်း ဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် Philips Kham&Family ကုမ္ပဏီမှ ရန်ပုံငွေ (၂၈၇.၈၂၂)သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအသစ်ပြုပြင်ခြင်း (၄၀%)၊ ALGD Family ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇.၈၁၅)သန်းဖြင့်ဆောင်ရွက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂)ခန်းတွဲဝန်ထမ်းအိမ်ရာ၊ နံကပ်(၁)ထပ်ပြုပြင်ခြင်း(၂၅%)၊ Tung Tuang ကုမပဏီမှ ရန်ပုံငွေကျပ်(၁၁.၉၂၁) သန်းဖြင့်ဆောင်ရွက်သည့် မြိုနယ်လျှပ်စစ်မီးစက်အဆောင်အမှတ်(၁) ပြုပြင်ခြင်း(၄၀%)၊ Cope Family ကုမ္ပဏီမှရန်ပုံငွေကျပ် (၂၂၄.၀၇၄)သန်းဖြင့် ဆောင်ရွက်သည့် လမ်းဦးစီးဧည့်ရိပ်သာ ပြုပြင်ခြင်း(၂၅%)များအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အတွင်းရေးမှူးနှင့် အဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းစစ်ဆေးရာ၌ တွန်းဇံမြို့တွင် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အဦများအနက် (၄၂)လုံးကို ဒေသခံကုမ္ပဏီ(၁၆)ခုက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယနေ့အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု (၃၆.၄၃%) ပြီးစီးပြီဖြစ်ကြောင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့် အညီဖြစ်စေရေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post