





ပုသိမ်၊ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် လေးမျက်နှာမြို့၊ အမှတ်(၄)ရပ်ကွက်၊ နဝင်းကျောင်းတိုက်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြစ်ဝကျွန်းပေါ်ဒေသသည် သဘာဝဘေးကို နှစ်စဉ်ကြုံတွေ့ နေရပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တာတမံများကြံ့ခိုင်ရေးအတွက် မိုးကုန်ကာလများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများ အနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်း ထားရှိပြီးဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း” အားပေးစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
#News #Myanmar