Myanmar National Post

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၁၃ ထပ် အဆောက်အအုံ ၁ လုံးအား ထပ်မံဖြိုချဖျက်ဆီး၊ ကျန်အဆောက်အအုံများအား ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်















နေပြည်တော်၊ အောက်တိုဘာလ ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံ ရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု (ONLINE SCAM)များ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထားနှိမ်နင်းလျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင် ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့်ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့်ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၁၃ ထပ်အဆောက်အအုံ ၁ လုံးအား ယမ်းဖြင့် ထပ်မံဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် ၅ ထပ် အဆောက်အအုံ ၂ လုံးအား ယာဉ် ယန္တရားများဖြင့် စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေ၊ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ် ငန်းများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံး အား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီး ရမည့် အဆောက်အအုံများအနက် ၅ ထပ် အဆောက်အအုံ ၁ လုံးမှာ ဖြိုချဖျက်ဆီးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ထပ်မံ၍ ၅ ထပ်အဆောက်အအုံ ၁ လုံးမှာ ၂၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် ၁၃ ထပ် အဆောက်အအုံ ၁ လုံးအား ယမ်းဖြင့် ထပ်မံဖောက်ခွဲ၍ အလုံးစုံဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် ဖျက်ဆီးရန်ကျန် အဆောက် အအုံများအား စနစ်တကျ ဆက်လက်၍ဖြိုချဖျက်ဆီးသွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


#News #Myanmar

မူရင်းသတင်း — Myanmar National Post