
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်း ရေကျော်သဖြင့် DEMU ရထား ခေတ္တရပ်နားခဲ့ရပြီး ယနေ့ညနေ ၅ နာရီကျော်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ယနေ့(သြဂုတ် ၃၁ ရက်) တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျဝတီမြို့နှင့် ညောင်ခြေထောက်မြို့အနီး ရန်ကုန်-မန္တလေး ရထားလမ်းပေါ်၌ ရေကျော်မှုဖြစ်ပေါ်ခဲ့ပြီး DEMU ရထားတစ်စီး ခေတ္တရပ်နားခဲ့ရကာ ညနေ ၅ နာရီကျော်အထိ ခေတ္တရပ်နားပြီးမှ ထွက်ခွာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရေကျော်လွန်ခဲ့ပြီး မော်တော်ယာဉ်များအား သတိထားမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ခဲ့သည်။