
စက်တင်ဘာ - ၁ ( အင်္ဂါနေ့ )
အိန္ဒိယနိုင်ငံအနေဖြင့် အီရန်နဲ့ ကုန်သွယ်မှုဆက်ဆံရေးကို "တိုးချဲ့ရန်နှင့် စုံလင်ကွဲပြားအောင် ပြုလုပ်ရန်" လိုလားကြောင်း တနင်္လာနေ့က အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက အီရန် သမ္မတ မာဆူးဒ် ပီဇီရှ်ကီယန်း သို့ ပြောကြားခဲ့ပြီး၊ အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ရေကြောင်းသွားလာခွင့် လွတ်လပ်ခွင့်နှင့် သင်္ဘောသားများ၏ ဘေးကင်းလုံခြုံမှုကို အကာအကွယ်ပေးရန်အားလည်း တောင်းဆိုခဲ့ပါတယ်။
"ကဏ္ဍပေါင်းစုံမှာ အီရန်နဲ့ အိန္ဒိယတို့ရဲ့ ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရေးကို ခိုင်မာစေဖို့ ကျနော်တို့ရဲ့ ကတိကဝတ် ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်" လို့ တနင်္လာနေ့က ကာဂျစ်စတန်နိုင်ငံ မြို့တော် ဘိရှ်ကက် ၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးရဲ့ သီးခြားအစည်းအဝေးမှာ ပေဇက်ရှ်ကီယန်းနှင့် တွေ့ဆုံပြီးနောက် မိုဒီက သူ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ "ရှေ့လာမယ့်ကာလတွေမှာ ကျနော်တို့ရဲ့ ကုန်သွယ်မှု ကဏ္ဍတွေကို ပိုမိုတိုးချဲ့ပြီး စုံလင်အောင် ပြုလုပ်သွားချင်ပါတယ်" လို့လည်း ဆိုပါတယ်။
ယခုတွေ့ဆုံမှုက ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည့် အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံး လူချင်းတွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်၏ ပြောကြားချက်သည် အီရန်၏ ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေး ဆက်သွယ်မှုများကို ဖြတ်တောက်ရန် ဝါရှင်တန်၏ "Operation Economic Outcast" စီမံချက်အပေါ် အခြေခံ၍ အီရန်အား စီးပွားရေးအရ အထီးကျန်စေရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စတင်ဆောင်ရွက်နေသည့် လှုပ်ရှားမှုများကြားမှ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
အီရန်နှင့် ဆက်စပ်နေသည့် လုပ်ဆောင်ချက်များကို ပိတ်သိမ်းရန် နိုင်ငံများအား အချိန်သတ်မှတ်ချက်ပေးမည် ဖြစ်ပြီး၊ လိုက်နာရန် ပျက်ကွက်သည့် အဖွဲ့အစည်းများသည် အမေရိကန်၏ ဒုတိယအဆင့် ဆင့်ပွား ပိတ်ဆို့ အရေးယူမှုများ နှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
အိန္ဒိယက အီရန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် ၅ နိုင်ငံထဲတွင် ပါဝင်ပေမဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က ဒေါ်လာ ၁၇ ဘီလီယံခန့် ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်၌ ဒေါ်လာ ၁.၆ ဘီလီယံခန့်အထိ ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိတွင် အိန္ဒိယမှ အီရန်သို့ တင်ပို့မှုများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကင်းလွတ်ခွင့်ရရှိထားသော ကုန်စည်များတွင်သာ အဓိက ကန့်သတ်ထားတာ ဖြစ်ပါတယ်။
REF: RT
#News #Myanmar