

ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ
ဆွမ်းလောင်းဓမ္မာရုံအား အင်အားသုံးဖျက်ဆီးမည့်ကိစ္စနှင့် ပတ်သက်၍
ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်
ရက်စွဲ ။ ။ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်သည် နိုင်ငံကျော် အထင်ကရ ဗုဒ္ဓဘာသာတို့၏ အားထားရာ စာသင်တိုက်ကြီးများ ရှိရာမြို့နယ်ဖြစ်ပါသည်။ ရန်ကင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ပြည်သူများမှာလည်း မိမိတို့ ကိုးကွယ်အားထားရာ ဗုဒ္ဓဘာသာ သာသနာအတွက် မိမိတို့ စွမ်းနိုင်သည့် ဘက်မှ အထောက်အကူပြုရန် ကြိုးပမ်းဆောင်ရွက်ပေးနေကြခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ သံဃာအမြောက်အများ လာရောက်သီတင်းသုံးနေထိုင်ပြီး ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေး ပဋိယတ္တိ စာပေများ သင်ကြား သင်ယူခွင့် ရရှိနေကြခြင်းပင်ဖြစ်ပါသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) တွင် စည်းဝေးတိုင်ပင်၍ ထုတ်ပြန်ခဲ့သော ထုတ် ပြန်ချက်အရ ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်း ထောင့်ရှိ ဆွမ်းလောင်းဓမ္မာရုံအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်သာယာဌာနမှ ၂၀၂၆ ခု နှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ အပြီးဖယ်ရှားရန်နှင့် မဖယ်ရှားပါက အင်အားသုံး ဖျက်ဆီးဖယ်ရှား မည်ဟု သိရပါသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအများစုနေထိုင်ရာ နိုင်ငံဖြစ်သော်လည်း ဘာသာခြားများ၏ ပယောဂကြောင့် အစိုးရအဆက်ဆက် ဘာသာ သာသနာအပေါ် မထေမဲ့မြင် ပျက်ရယ်ပြုစော်ကား ခဲ့သည့် လုပ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။ ယခင် NLD အစိုးရလက်ထက်တွင် သံဃာဥသျှောင် ဆရာတော် ကြီးများကိုပါ ပစ်မှတ်ထား စော်ကားခဲ့ပြီး NLD မှ ဖြစ်တည်လာသော PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက သံဃာတော်များကိုပင် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်သည်အထိ လူမဆန်သော လုပ်ရပ် များကို လုပ်ခဲ့ကြသည်။
လက်ရှိ အစိုးရအနေဖြင့်လည်း သာသနာတော်အတွင်း အဓမ္မဝါဒီများကို ဖော်ထုတ်အရေးယူမှု အပိုင်းတွင် လွန်စွာ အားနည်းလျက်ရှိပြီး သံဃာများအပေါ် မလိုလားအပ်သော ဖိနှိပ်မှုများ လုပ်ဆောင် လျက်ရှိခြင်းကြောင့် သံဃာတော်များ နှလုံးစိတ်ဝမ်း မအေးချမ်းရပါ။ ဗုဒ္ဓဘာသာအပေါ် ထိပါးစော် ကားပြောဆိုမှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူပေးခြင်းလည်း မရှိပါ။ ဘာသာ သာသနာ နှင့် တိုင်းပြည် လူမျိုးကောင်းကျိုးအတွက် စွမ်းနိုင်သည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်ပေးနေသော သံဃာ တော်များကိုမူ အစိုးရ တာဝန်ရှိသူများနှင့် နိုင်ငံဝန်ထမ်း
များက ရိုသေလေးစားမှုမရှိ၊ မထေမဲ့မြင်ပြု စော်ကားမှုများ ရှိသကဲ့သို့ သံဃာတော်များကို အရေးယူမှုအပိုင်းတွင် ဓမ္မစက်ဖြင့် ဆောင်ရွက်ခြင်း မရှိဘဲ အာဏာစက်ဖြင့် တိုက်ရိုက် ဆောင်ရွက်ပြီး လူဝတ်လဲ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည် များကိုလည်း တွေ့မြင်လာရသည်။
ပြည်သူ့အစိုးရဟု ကြွေးကြော်ထားသူများအနေဖြင့် ပြည်သူအများစုကိုးကွယ်ရာဖြစ်သည့်အပြင် မိမိတို့၏ ကိုးကွယ်ရာဖြစ်သော သံဃာတော်များအပေါ် မထေမဲ့မြင်ပြု စော်ကားနေမှုများသည် ဘာသာ ခြားများ အလိုကျ လုပ်ဆောင်နေခြင်းလားဟု ယူဆစရာ ဖြစ်စေပါသည်။
ဦးနုအစိုးရ၊ ဦးနေဝင်းအစိုးရ လက်ထက်မှစ၍ ဖြစ်တည်ခဲ့သော ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ ကျောက်ကုန်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ ဆွမ်းလောင်းဓမ္မာရုံကို မွတ်စလင် ကုလား ကျော်မြင့် ဆိုသူက ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်ကြိမ် ပြဿနာဖန်တီးခဲ့ခြင်းကြောင့် ဖြေရှင်းဆောင်ရွက်ခဲ့ရပြီး ဖယ်ရှားပေးရန်မလိုခြင်းကြောင့် ဆက်လက်တည်ရှိနေခြင်းဖြစ်ပါသည်။ ယခုအခါ မွတ်စလင်ကုလား ကျော်မြင့်မှ ရောင်းချလိုက်ခြင်းကြောင့် မွတ်စလင်ကုလား မောင်မောင်(ခ) မိုဟာမက်ယူစွပ် ပိုင်ဆိုင်ထားပြီး ၎င်းငှားရမ်းထားသည့် မွတ်စလင်ကုလားပိုင်ဆိုင်သော အက္ခရာစား သောက်ဆိုင်မှ ပြဿနာဖန်တီးလာခြင်းကြောင့် ဆွမ်းလောင်းဓမ္မရုံကို ဖျက်ဆီးရန်အဆင့်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိုကဲ့သို့ ဘာသာခြားများအလိုကျ လိုက်ပါလုပ်ဆောင် နေကြမည် ဆိုပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်အောင် ဖန်တီးသည်ဟု မှတ်ယူပါသည်။ ဘာသာ သာသနာအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုလျက်ရှိသော ဆွမ်းလောင်း ဓမ္မာရုံအား ဘာသာခြားများ အလိုကျ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများက အင်အားသုံး ဖျက်ဆီး ဖယ်ရှားမည်ဟု ပြောဆိုလာသည့်အပေါ် နေပြည်တော်အမျိုးသားရေးအဖွဲ့ အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဆိုပါ ဓမ္မာရုံအား မည်သူတစ်ဦးတစ်ယောက်ကမှ ဖြိုချဖျက်ဆီးဖယ် ရှားခြင်း မပြုနိုင်စေရန် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများ အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ကြရန် အလေးအနက် တိုက်တွန်းကြောင်း သဘောထားထုတ် ပြန်ကြေညာ လိုက်သည်။
နေပြည်တော်အမျိုးသားရေးအဖွဲ့