Myanmar National Post

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲနှင့် ဆက်စပ်အစီအစဉ်များသို့ ပါဝင်တက်ရောက်
















နေပြည်တော်၊ စက်တင်ဘာ ၂

ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုချီမင်းမြို့ ပြည်သူ့ရေးရာကော်မတီတို့၏ ဦးဆောင်မှုဖြင့် (၂၀)ကြိမ်မြောက်ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီး သွားပြပွဲနှင့် ဆက်စပ် အစည်းအဝေးများကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့သည်။ 

ခရီးစဉ်အတွင်း (၂၀)ကြိမ်မြောက် ဟိုချီမင်း အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ အထိမ်းအမှတ် ကြိုဆိုညစာစားပွဲ နှင့် Vietnam Night ကို “The Beat of ITE HCMC” ခေါင်းစဉ်ဖြင့် ၂၆-၈-၂၀၂၆ ရက်နေ့တွင် GEM Center ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဟိုချီမင်းမြို့တော်ပါတီ ကော်မတီ၊ ဟိုချီမင်းပြည်သူ့ကော်မတီ၊ ဟိုချီမင်းမြို့တော်နှင့် ပြည်နယ် ကော်မတီများမှ တာဝန်ရှိသူများ၊  CLMV နှင့် ACMECS နိုင်ငံများ၏ ခရီးသွားလာရေးဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ မြို့များမှ မြို့တော်ဝန်နှင့် အုပ်ချုပ်သူများ၊ ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၊ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ရှိ ခရီးသွား လုပ်ငန်းဝန်ကြီးဌာနများ၊ ပြပွဲသို့ တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် Buyer ၊ Seller များ၊ Media များ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ (၂၀)ကြိမ်မြောက်ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနား ကို ၂၇-၈-၂၀၂၆ ရက်နေ့တွင် SECC – Exhibition Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အခြားနိုင်ငံများ၏ ခရီးသွားလာရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဟိုချီမင်းမြို့တော်ပါတီ ကော်မတီ၊ ဟိုချီမင်းပြည်သူ့ကော်မတီ၊ ဟိုချီမင်းမြို့တော်နှင့် ပြည်နယ်ကော်မတီများမှ တာဝန်ရှိသူ များ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့မှ CEO နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝေလင်း၊ ဟိုချီမင်းမြို့တော် ပြည်သူ့ကော်မတီမှ တာဝန်ရှိသူများ၊ ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၊ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၊ ဟိုချီမင်း ခရီး သွားလာရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့တော် ခရီးသွားလာရေးဦးစီးဌာန၊ ဟိုချီမင်းမြို့တော်နှင့် ခရိုင် ပြည်နယ်များမှ  အုပ်ချုပ်သူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ခရီးသွားပြပွဲအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုခရီးသွားပြခန်းနှင့် အခြားနိုင်ငံများမှနိုင်ငံအလိုက်ဖွင့်လှစ်ထားသည့် ခရီးသွားပြခန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများမှ ဖွင့်လှစ်ထားသည့် ပြခန်းများအားလှည့်လည် ကြည့်ရှုခဲ့ကြပါသည်။ 

ဆက်လက်၍ MICE အဆင့်မြင့်ခရီးသွားလုပ်ငန်းဖိုရမ်ကို ၂၇-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဟိုချီမင်းပြည်သူ့ ကော်မတီ၏ ဒုတိယအမြဲတမ်းဥက္ကဌ ၊ ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်တို့မှအဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ခရီးသွား ဝန်ကြီးဌာန၊ ဝန်ကြီးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ MICE ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ Keynote Speaker များက အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

ယင်းနောက် ၂၇-၈-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် (၇) ကြိမ်မြောက် ACMECS ခရီးသွားဝန်ကြီးများအစည်းအဝေးကို REX Hotel ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သဘာ ပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

 ဆက်လက်၍ (၈) ကြိမ်မြောက်ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ခရီးသွားဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ(၂၀)ကြိမ်မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၄၀)နိုင်ငံမှ ခရီးစဉ်ဝယ်ယူသူများ၊ ရောင်းချသူများနှင့် ပြခန်းပါဝင်ပြသသူများ စုစုပေါင်း (၃၀,၀၀၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပြီး (၇) ကြိမ်မြောက် ACMECS ခရီးသွား ဝန်ကြီးများ အစည်းအဝေးနှင့် (၈) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ခရီးသွား ဝန်ကြီးများအစည်းအဝေးတို့သို့ သက်ဆိုင်ရာနိုင်ငံများမှ ခရီးသွားဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post