
၀ါရှင်တန်နှင့် ကင်ဘာရာတို့က သြစတြေးလျတွင် အမေရိကန်စစ်အင်အားကို မြှင့်တင်ရေးနှင့် ပူပေါင်းဆောင်ရွက်မှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရေးတို့ကို သဘောတူခဲ့ကြသည်ဟု နှစ်နိုင်ငံစလုံးက ပြောကြားခဲ့သည်။
တရုတ်၏မကြုံစဖူးစစ်အင်အားတည်ဆောက်နေမှုကို စိုးရိမ်နေသော အမေရိကန်မဟာမိတ် သြစတြေးလျက လွန်ခဲ့သောနှစ်များတွင် စစ်တပ်ကို ပြန်လည်ပုံဖော်ခဲ့ပြီး သြစတြေးလျ၏ဒုံးကျည် တိုက်ခိုက်မှုစွမ်းရည်နှင့် ဖြစ်လာနိုင်စရာရှိသောရန်သူတို့ မြောက်ဘက်မှ ချဉ်းကပ်လာမည်ကို ဟန့်တားရန် အလေးပေးဆောင်ရွက်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးပိ ဟက်ဆတ်က ကင်ဘာရာသည် ဒေသတွင်းအခွင့်အလမ်းသာသော အင်အားချိန်ခွင်လျှာကို ထိန်းထားခြင်း၏လေးနက်မှုကို သဘောပေါက်ခဲ့သည်ဟု စက်တင်ဘာ ၂ ရက်တွင် ၀ါရှင်တန်မြို့၌ သြစတြေးလျကာကွယ်ရေး ဝန်ကြီးရစ်ချဒ်မားလ်နှင့်တွေ့ဆုံရာတွင် ပြော ကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးနှစ်ဦးက သြစတြေးလျအခြေစိုက်စခန်းများတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် Force Postureinitiative ကို မြန်မြန်အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည့်အပြင် ပူးပေါင်း ထားသည့် ထောက်ပို့ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် ပူး တွဲစစ်ရေးလေ့ကျင့်မှုများမှတစ်ဆင့် ပိုမိုကြီးမားသည့် အချင်းချင်းပူးပေါင်းလုပ်ဆောင် နိုင်စွမ်းကိုတည်ဆောက်ရန်တို့ကိုလည်း ဝန်ကြီးနှစ်ဦးက သဘောတူခဲ့သည်ဟု အမေရိ ကန်ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့သည်။
“သူတို့က ပဲ့ထိန်းစနစ်ပါတဲ့ လက်နက်တွေနဲ့ နောက်လာမယ့်မျိုးဆက် စွမ်းရည်တွေအတွက် ဘုံစွမ်းရည်ဖြစ်လာစေဖို့ ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်”ဟု ပင်တဂွန်က ဖြည့်စွက်ဖော်ပြခဲ့သည်။
သြစတြေးလျက မိမိ၏နယ်မြေတွင် ပြည်ပစစ်အခြေစိုက်စခန်းများကို ခွင့်မပြုသော်လည်း မြောက်ပိုင်း ဒါဝင်မြို့တွင် စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်မရိန်း တပ်သားများကို တစ်နှစ်လျှင်ခြောက်လအထိ လက်ခံထားသည်။
အမေရိကန်ကွပ်ကဲသော အလှည့်ကျအမေရိကန်ရေငုပ်သင်္ဘောတပ်ဖွဲ့များသည် လာမည့်နှစ်တွင် အနောက်သြစတြေးလျကို ရောက်လာမည်ဖြစ်သည်။
တပ်ဖွဲ့ဝင်အင်အားတိုးချဲ့ချထားမှုက မည်သည့်အနေအထားကို ဖြစ်မလဲဆိုသည် နှင့်ပတ်သက်၍မေးမြန်းသည့်အခါ သြစတြေးလျကာကွယ်ရေးဝန်ကြီးမားလ်က“ကျွန်တော်တို့ရဲ့လေတပ်၊ ဆိုက်ဘာနဲ့ အာကာသတပ်ဖွဲ့တွေနဲ့ပတ်သက်လို့ ထောက်ပို့ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ ပူး ပေါင်းဆောင်ရွက်တာတွေကို လုပ်ဆောင်နေခဲ့တာပါ”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်းသည် တရုတ်ပုံစံဖြင့် ဒုတိယကမ္ဘာစစ်ကတည်းက ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမဆိုလုပ်ဆောင်သည့် အကြီးမားဆုံး သမားရိုးကျစစ်ရေးတည်ဆောက်မှုကို တုံ့ပြန်မှုတစ်ရပ်ဖြစ် သည်ဟု ကာကွယ်ရေးဝန်ကြီး ရစ်ချဒ်မားလ်က ပြောကြားခဲ့သည်။
Ref: AFP