Myanmar National Post

ပခုက္ကူမြို့၊အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီးမီးဘေးလုံခြုံရေး မီးငြှိမ်းသတ်နည်းများလက်တွေ့သရုပ်ပြ ဆောင်ရွက်







ပခုက္ကူ၊ အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီးရှိ ဈေးသူဈေးသားများ အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်ကာလအတွင်း မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်နည်းများလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ကြသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများတက်ရောက် ကြပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ဖြင့် မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းများ လက် တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဘူးနှင့်ရေစိုအဝတ်များအသုံးပြု၍ မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#Myanmar #News


မူရင်းသတင်း — Myanmar National Post