Eleven Media Group

■မန္တလေးတိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေ

မန္တလေးတိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲ ကို စက်တင်ဘာလ၃ရက်မှ ၆ရက်နေ့ထိ မြို့တော်ခန်းမ၌ ကျင်းပနေကြောင်း သတင်းရရှိသည်။

ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ၃ရက်နေ့တွင် မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းစသည်တို့ဖြင့် ကျင်းပခဲ့ကြသည်။

(၂၇)ကြိမ်​​မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းမှ ခရိုင်၁ဝခုမှ အနုပညာရှင် (၅၃၂)ဦးက အနုပညာဘာသာရပ် (၁၃၃)မျိုးကို ဝင်ရောက်ပြိုင်ကြမည်ဖြစ်သည်။

" ခုလို ဆိုက​ရေးတီးပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် ဆိုက​ရေးတီးအနုပညာမျိုးဆက်တွေ ​ပြတ်မသွား စေပါဘူး။ ဥပမာ ဆိုင်းပညာရှင်တွေနဲ့ ကြိုးတပ်တူရိယာတွေကိုတီးခတ်မယ့် အနုပညာရှင်တွေ အနေနဲ့ ပညာကြီးရှင်တွေရဲ့ အမွေကိုဆက်ခံဖို့ကျင်းပပေးမှ ရွက်ပုန်းသီး အနုပညာရှင်တွေ ပေါ်ထွက်ပြီး မြန်မာတို့ရဲ့ အနုသုခုမ ပညာရပ်တွေရှင်သန် တိုးတက်ပြန့်ပွားနိုင်မှာဖြစ်ပါတယ်။ မျိုးဆက်လက်ခံဖို့က ကလေးတွေမှ ဖြစ်မှာပါ။ဒီကလေးတွေရှိမှ ဒီအမွေအနှစ်တွေကို လက်ဆင့်ကမ်း သယ်နိုင်မှာပါ။၂၀၁၇ ကနေ ၂၀၂၁ထိ ၄နှစ်လောက် ပြိုင်ပွဲတွေ မကျင်းပဖြစ်ခဲ့တုန်းက မျိုးဆက်​တွေပြတ်သွားတယ်။ ၂၀၂၃ ခုနှစ်ပြိုင်ပွဲ ပြန်ကျင်းပချိန်မှာ ဒီကလေးတွေကို တောနယ်ထိသွားပြီး အတော်စည်းရုံးယူရတယ်" ဟု အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးကျော်သူရ မှ ပြောကြားခဲ့သည်။

တိုင်းနှင့်ပြည်နယ် ဆိုကရေးတီးပြိုင်ပွဲကို ၁၉၉၃နှစ်မှစတင်ကျင်းခဲ့​ခြင်းဖြစ်ပြီး ၂၀၁ရနှစ်မှ ၂၀၂၁ခုနှစ်ထိ ရပ်နားထားခဲ့ကာ ၂၀၂၃ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ရာ ယခု ၂၀၂၆ခုနှစ်၌ ၂ရကြိမ်မြောက် ကျင်းပနေခြင်း ဖြစ်သည်။

ပြိုင်ပွဲကို စက်တင်ဘာလ၃ရက်မှ၅ရက်နေ့ထိ ကျင်းပမည်ဖြစ်ကာ ၆ရက်နေ့တွင် ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေး အလံအပ်နှင်းပွဲ ကျင်းပမည်ဖြစ်ကာ ဗဟိုအဆင့်ပြိုင်ပွဲကို နေပြည်တော်တွင် အောက်တိုဘာလ ၂၁ရက်မှ ၂၉ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group