Eleven Media Group

■ တနသင်္ာရီမြစ်ရေ အန္တရာယ်ရေအမှတ်အောက် အနည်းငယ်ကျဆင်းလာ

■ စာသင်ကျောင်းများပိတ်ထားရဆဲဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးသွားလာမှု မရသေးကြောင်းသိရ

တနသ်ာရီမြစ်ရေ အန္တရာယ်ရေအမှတ်အောက်အနည်းငယ်ကျဆင်းလာပြီးစာသင်ကျောင်းများ ပိတ်ထားရဆဲဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးသွားလာမှု မရသေးကြောင်းသိရသည်။

တနင်္သာရီမြစ်ရေမှာ စက်တင်ဘာ ၄ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ သာမန်ရေမျက်နှာပြင်အထက် ၂၃ ပေ ၇ လက်မတွင်ရှိနေပြီး အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေ အောက်သို့ ၅ လက်မကျဆင်းလာကြောင်း သိရသည်။

"မိုးရွာ သွန်းမှုအနည်းငယ် လျော့နည်းလာတယ်၊မြစ်ဖျားပိုင်းကမိုး နည်းလာမယ်၊မြိတ်ဘက်ကပင်လယ် ဒီရေပြန်ဆွဲချရင် မြစ်ရေကျဆင်းလာလိမ့်မယ်၊လောလောဆယ်စာသင်ကျောင်း တွေပိတ်ထားရတယ်။ တနင်္သာရီဘုတ်ပြင်းပြည်ထောင်စုလမ်းမကြီး ရေကျော်နေသေးတဲ့အတွက်သွားလာလို့မရသေးဘူး" ဟု ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

တနသင်္ာရီမြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း၁၇ ကျောင်းပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားကာလူဦးရေ ထောင်နှင့်ချီကာရေဘေးသင့်နေကြောင်းသိရသည်။

တနသင်္ာရီမြစ်ရေမှာ ဩဂုတ်လ ၁၄ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ဖြစ်သည့် ၁၇ ပေသို့ရောက်ရှိခဲ့ပြီး ဩဂုတ်လ ၃၀ ရက်နေ့တွင်အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေအထက်ရောက်ရှိခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁ ရက်တွင်မြစ်ရေ ကြီးမှုကြောင့် ရန်ကုန်-မြိတ် ကော့သောင်းပြည်ထောင်စုလမ်းမကြီး၏ တနင်္သာရီ-ဘုတ်ပြင်းလမ်းအပိုင်း အသုံးပြုမှု မရတော့ဘဲ ကားလမ်းပိတ်နေသည်မှာ ၄ ရက်ကြာမြင့်နေပြီ ဖြစ်ကြောင်းသိရသည်။

တနသ်ာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၁ရပေ)ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ (၂၄ပေ) သတ်မှတ်ထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group