


စက်တင်ဘာ - ၈ ( အင်္ဂါနေ့ )
ရုရှားအစိုးရက စာတိုက်ဝန်ထမ်းများကို ထောက်ပံ့ပေးမဲ့ ဝန်ဆောင်မှုမှာ အရပ်ဘက်လက်နက်များ နဲ့ အထူးကိရိယာများ စာရင်းတွင် ဒရုန်းပစ် သေနတ်များကို ထည့်သွင်းလိုက်ကြောင်း အစိုးရအဖွဲ့ရဲ့ စာရွက်စာတမ်းများကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
အရင်တုန်းက ငွေသားသယ်ယူပို့ဆောင်ရေး တာဝန်ယူရတဲ့ ဝန်ထမ်းများအတွက် ၉ မီလီမီတာ ပစ္စတိုများ၊ ရော်ဘာကျည်ဆံသုံး လက်နက်များ၊ လျှပ်စစ်ရှော့ခ်ရိုက်ကိရိယာများ၊ ကျည်ကာအင်္ကျီများနှင့် အခြား ကာကွယ်ရေးပစ္စည်းများကို ခွင့်ပြုပေးခဲ့ပါတယ်။ အခုတော့ အဲ့ဒိစာရင်းထဲကို "ဒရုန်း လေယာဉ်များ၊ ရေငုပ်သင်္ဘော ၊ သင်္ဘော နဲ့ ဒရုန်းကားတွေလို အလိုအလျောက်မောင်းနှင်နိုင်တဲ့ လူမဲ့စနစ်များကို အသုံးပြုတဲ့ ဘယ်ယာဉ်ကို မဆို ပြန်လည်တိုက်ခိုက်နိုင်တဲ့ လက်နက်တွေနဲ့ အထူးပြုလုပ်ထားသော ကိရိယာများ ပါဝင်လာစေဖို့ တိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။
စာရင်းပါ လက်နက်များကို အစိုးရမှ သတ်မှတ်ထားတဲ့ စံနှုန်းများနှင့်အညီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေက စာတိုက်များကို စောင့်ရှောက်ခြင်း၊ ငွေသားသယ်ယူပို့ဆောင်ရာတွင် လိုက်ပါစောင့်ရှောက်ခြင်း နှင့် အခြား သတ်မှတ်ထားသော တာဝန်များအပါအဝင် ဝန်ထမ်းများရဲ့ တာဝန်ဝတ္တရားများအပေါ် မူတည်ပြီးတော့ ထုတ်ပေးမယ့် လက်နက်အမျိုးအစားများနှင့် ကျွမ်းကျင်မှု လေ့ကျင့်ရေးအတွက် ခွဲဝေပေးမည့် ကျည်ဆံပမာဏတို့ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
REF: Tass
#Myanmar #News