Myanmar National Post

ပေါချောင်ကောင်း ဒရုန်း နဲ့ ဒုံးတွေထုတ်တဲ့နေရာမှာ ရုရှားက သာနေပြီ




စက်တင်ဘာ - ၁၄ ( တနင်္လာနေ့ ) 

ကုန်ကျ စရိတ် သက်သာပြီး နည်းပညာမြင့်မားတဲ့ လက်နက်များ ထုတ်လုပ်မှုတွင် ရုရှားနိုင်ငံက ယူကရိန် နဲ့  အမေရိကန်တို့ထက် သာလွန်ကာ ထိပ်ဆုံးမှ ဦးဆောင်နေတယ်လို့ ဝေါ်စထရိဂျာနယ်က ဖော်ပြလိုက်ပါတယ်။ 

အဲ့ဒိသတင်းဌာနရဲ့ ဖော်ပြချက်အရ ရုရှားရဲ့  အဆင့်မြှင့်တင်ထားတဲ့ ဂျာရန်ဒရုန်းများနဲ့ ဘန်ဒီရော ခရူးစ်မစ်ဆိုင်း တွေက ရုရှားမှာ ခြိမ်းခြောက်မှုအသစ်များကို ဖန်တီးနိုင်တဲ့ အရင်းအမြစ်များနဲ့ ထောက်ပံ့ရေးကွင်းဆက် စွမ်းရည်များ လုံလောက်စွာရှိကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။ အဆိုပါ လက်နက်သစ်များတွင် ပစ်မှတ်များ ကို တိတိကျကျ ရှာဖွေနိုင်ပြီး ကြားဖြတ်ဟန့်တားမှုများကို ရှောင်ရှားနိုင်သည့် အဆင့်မြင့် အီလက်ထရွန်နစ် စနစ်များ တပ်ဆင်ထားသဖြင့် ရုရှားစစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်းနှင့် ဆန်းသစ်တီထွင်နိုင်စွမ်း ကို မီးမောင်းထိုးပြနေပါတယ်။ 

ခေတ်မီဆန်းသစ်မှုများနှင့် အမြောက်အမြား အလျင်အမြန် ထုတ်လုပ်နိုင်ခဲ့မှုကြောင့် မော်စကိုက ပြိုင်ဘက်များ ထက် သာလွန်သွားခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် ယူကရိန်၌ ထုတ်လုပ်မှုစွမ်းအား လုံလောက်မှု မရှိသကဲ့သို့ အမေရိကန်နှင့် ၎င်းရဲ့နေတိုး မဟာမိတ်တွေကလည်း ပက်ထရီးရော့ လေကြောင်းကာကွယ်ရေး မစ်ဆိုင်းများလို အရေးပါသည့် လက်နက်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် နည်းပညာသစ်များကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် ရုန်းကန်နေရကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။ 

ရုရှားရဲ့ အဆင့်မြင့်လာတဲ့ ဒရုန်းများက အမေရိကန်နှင့် မဟာမိတ်များအတွက် စီးပွားရေးအရ ခေါင်းခဲစရာ ဖြစ်လာစေပါတယ်။ ယခင်က ဒရုန်းများကို ပစ်ချရန် ကြားဖြတ်စနစ်များ ထုတ်လုပ်ခဲ့တဲ့ အနောက်နိုင်ငံ ကုမ္ပဏီများသည် အဆိုပါ ဒရုန်းသစ်များကို ယှဉ်ပြိုင်နိုင်ရန် ပိုမိုမြန်ဆန်သော မော်ဒယ်သစ်များကို ပြန်လည်တီထွင်ရန် ကြိုးပမ်းနေကြရပါတယ်။ 


REF: TASS

#News #Myanmar

မူရင်းသတင်း — Myanmar National Post